အမေရိကန်မြို့ကြီးများ၌ အမျိုးသမီးထု သန်းချီ၍ သမ္မတသစ် ထရမ့်ကို ဆန့်ကျင်ဆန္ဒပြ

အမေရိကန်မြို့ကြီးများ၌ အမျိုးသမီးထု သန်းချီ၍ သမ္မတသစ် ထရမ့်ကို ဆန့်ကျင်ဆန္ဒပြ

ဇန်နဝါရီ ၂၂ ။           ။ အမေရိကန်သမ္မတဖြစ်လာသည့် ဒေါ်နယ်ထရမ့်အား အမျိုးသမီးများမှ ဦးဆောင်ကာ ငြိမ်းချမ်းစွာချီတက်ဆန္ဒပြရာတွင် ဝါရှင်တန်လမ်းကြီးပေါ်နှင့် အမေရိကန်ရှိမြို့ကြီးများ၌ လူနှစ်သန်းကျော်ပြည့်နှက်သွားခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ဆန္ဒပြသူများကလည်း အဆိုပါချီတက်မှုတွင်ပါဝင်ခဲ့ကြသည်။

မြို့လယ်ခေါင်ဝါရှင်တန်လမ်းမကြီးပေါ်၌ ဆန္ဒပြသူ လူပင်လယ်ကြီးရောက်ရှိလာခဲ့ချိန်၌ ထရမ့်ကလည်းမီဒီယာပေါ်မှ တဆင့် ပြီးခဲ့သောတစ်ရက်ကသူ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ၌ တက်ရောက်လာခဲ့သော သူများကိုစွပ်စွဲတိုက်ခိုက်ခြင်းဖြင့် ဆန္ဒပြခြင်းကိုမှေးမှိန်အောင်ပြုလုပ်ရန်ကြိုးပမ်းခဲ့သည်။

ဝါရှင်တန်၌ အမျိုးသမီးများ ချီတက်ဆန္ဒပြပွဲကို စီစဉ်သူများက ခန့်မှန်းချေတစ်သန်းခန့် ရှိမည်ဖြစ်ကြောင်းပြောခဲ့ပြီး နိုင်ငံတစ်ဝန်းမှ ကြီးမားသောလူထုကြီးကလည်း အဆိုပါ ဆန္ဒပြပွဲအားလာရောက်ပူးပေါင်းခဲ့သည်။

လော့စ်အိန်ဂျယ်လိစ်မှရဲများ၏ အဆိုအရ ၎င်းတို့မြို့ရှိ လမ်းမကြီးများပေါ်၌လည်း လူပေါင်းသန်းတစ်ဝက်ကျော်ခန့် စုရုံးနေခဲ့ကြပြီး အလားတူအရေအတွက်ရှိသော လူအုပ်ကြီးမှာ နယူးယောက်မြို့၌လည်း စုရုံးခဲ့ကြသည်။ အမေရိကန်မြို့ကြီးများဖြစ်ကြသော ချီကာဂို၊ ဒါးလက်စ်၊ ဆန်ဖရန်စ္စကို၊ စိန့်လူးဝစ်နှင့် ဒန်းဗားတို့တွင်လည်း ချီတက်ဆန္ဒပြမှုများပြုလုပ်နေကြသည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly