MH370လေယာဉ်အား ဆက်လက်ရှာဖွေရန် သြစတြေးလျဆွေးနွေးပွဲ၌ ကျန်ရစ်သူမိသားစုများ အသနားခံမည်

MH370လေယာဉ်အား ဆက်လက်ရှာဖွေရန် သြစတြေးလျဆွေးနွေးပွဲ၌ ကျန်ရစ်သူမိသားစုများ အသနားခံမည်

ဇန်နဝါရီ ၂၂ ။             ။ ဝမ်းနည်းပူဆွေးနေကြသော ပျောက်ဆုံးသွားသည့် MH370လေယာဉ်ခရီးသည်များ၏ မိသားစုဝင်များသည် လေယာဉ်အား ဆက်လက်ရှာဖွေမှုများပြုလုပ်သွားဖို့ အသနားခံရန် အစီအစဉ်အား ယနေ့တနင်္ဂနွေနေ့၌ ပါ့သ်မြို့ တွင်ကျင်းပမည့် သြစတြေးလျနှင့် မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးများ၏ ဆွေးနွေးပွဲ ၌ ပြုလုပ်သွားရန်ရှိ သည်။

ပြီးခဲ့သော အင်္ဂါနေ့၌ သြစတြေးလျ၊မလေးရှားနှင့် တရုတ်နိုင်ငံတို့မှ ၂၀၁၄မတ်လ၈ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့ သော ခရီးသည်၂၃၉ဦးကို တင်ဆောင်လာသည့် ဘိုးအင်း၇၇၇ အမျိုးအစားလေယာဉ်ပျံကြီးအား အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် လိုက်လံရှာဖွေနေသည့် အစီအစဉ်ကို ဆိုင်းငံ့ခဲ့သည်။

“MH370လေယာဉ်ခရီးသည်များ၏ ဆွေမျိုးသားချင်းများက မလေးရှားအစိုးရအား အနူးအညွတ်တောင်းပန်သွား ပြီး MH370လေယာဉ်ရှာဖွေခြင်းကို ဆိုင်းငံ့လိုက်သည့် ဆုံးဖြတ်ချက်အား အကြံဉာဏ်ယူ၍   ပြန်လည်စဉ်းစားသွား ရန်တောင်းဆိုမည်” ဟု စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ Voice370 က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ပါ့သ်မြို့သို့ရောက်ရှိလာမည့် မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးထံ မိသားစုဝင်အများအပြားထံမှ ကိုယ်တိုင် ရေးသားထားသည့် ရှာဖွေမှုအား ဆက်လက်လုပ်ဆောင်သွားရန် အသနားခံစာများကို အရောက်ပို့ပေးသွားမည်” ဟုပြောခဲ့သည်။

သတ်မှတ်ထားသည့် ရှာဖွေရေးနယ်နမိတ် ၁၂၀၀၀၀ကီလိုမီတာပတ်လည်အတွင်း၌ ပျောက်ဆုံးလေယာဉ်၏ သဲလွန်စများကိုတစ်ခုမှ မတွေ့ရကြောင်းသိရသည်။ သို့သော်လည်း အိန္ဒိယသမုဒ္ဒရာအနောက်ဘက်ကမ်းခြေ၌ ပြန်လည်တွေ့ရှိခဲ့သော အပိုင်းအစသုံးခုမှာ MH370 လေယာဉ်မှဖြစ်သည်ကို အတည်ပြုခဲ့ပြီးဖြစ်သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags