အမေရိကန်သမ္မတသစ်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးအလားအလာ

အမေရိကန်သမ္မတသစ်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးအလားအလာ

ဇန်နဝါရီလ ၂ဝ ရက်နေ့က ရီပတ်ဘရီကန်ပါတီက ရွေးကောက်ပွဲအနိုင်ရထားသူ ဒေါ်နယ်ထရမ့်က ၄၅ ယောက် မြောက် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာဆိုရာမှာ အမေရိကန်နိုင်ငံအတွက် ဦးစားပေးလုပ် ဆောင်သွားမယ်လို့ အဓိက ပြောဆိုသွားပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံမှ  မြန်မာနိုင်ငံ အပေါ် အကူအညီပေးနေတဲ့ အခြေအနေတွေ ပြောင်းလဲနိုင်မလားဆိုတာကို မဇ္ဈိမ သတင်းထောက် ရဲနိုင် (လောက်ကိုင်)က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ကျွန်တော့အမြင်ကတော့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ လာမည့် သမ္မတသက်တမ်းအတွင်းမှာ အမေရိကန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ သမ္မတအိုဘားမားလက်ထက် သက်တမ်းနဲ့ နှိုင်းယှဉ်မယ် ဆိုရင်ပေါ့။ အများကြီး ကျဆင်းသွားနိုင်တယ်လို့ မြင်တယ်။ နောက်ပြီးတော့ အမေရိကန်သမ္မတသစ်အနေနဲ့ လည်း မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်စားမှု နည်းပါးနိုင်တယ်လို့ မြင်တယ်။ ဒါပေမယ့် ခုနကပြောတဲ့ အမေရိကန် နဲ့ မြန်မာနိုင်ငံကြား သံသမန်ဆက်ဆံရေးကတော့ ပုံမှန်အတိုင်းပဲ အားကောင်းလိမ့်မယ်လို့မြင်တယ်။ အထူး သဖြင့်တော့ အမေရိကန်အထက်လွှတ်တော်နဲ့အောက်လွှတ်တော် နှစ်ခုရဲ့ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု ကတော့ မြင့်မားဆဲပဲလို့ မြင်တယ်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို အမေရိကန်နိုင်ငံ အနေနဲ့ အလေးထားသင့်တာက မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မဟာဗျူဟာဆက်ဆံရေး ရှိနေ တဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်တယ်။ နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံ လည်း ဖြစ်တဲ့အခါကျတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး၊ အရှေ့တောင်အာရှနိုင်ငံတွေ နဲ့ ဆက်ဆံရေးကို အလေးထားသင့်တယ်လို့ မြင်တယ်။ အဲ့ဒီလိုအလေးမထားနိုင်ရင် အရှေ့တောင်အာရှဒေသ မှာရော၊ မြန်မာနိုင်ငံမှာကော ဒီတရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုဟာ မြင့်တက်လာနိုင်တယ်လို့ မြင်တယ်။

ဦးအောင်မျိုးမင်း (Equality Myanmar)

“ မနေ့က အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် ပြောသွားတဲ့ အကြောင်းအရာအကုန်လုံးက အမေရိကန်နိုင် ငံနဲ့ သက်ဆိုင်သော အကြောင်းအရာပဲ ဖြစ်တာ အများဆုံးတွေ့နေရတယ်။ အထူးသဖြင့် ဒီအမေရိကန်နိုင်ငံက ဘယ်လိုပဲပြောပြော ကမ္ဘာ့ရေးရာမှာ တစ်နည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက်နေတယ်ဆိုတာ လူတိုင်းငြင်း လို့ မရဘူး။ ခုနလိုပြောသွားတဲ့ အချိန်က သူရဲ့ ပြည်တွင်းရေးပဲ ပြောပြီးတော့ နိုင်ငံတကာနဲ့ပါဝင်မှုအပိုင်းတွေ မပါခြင်းက သမ္မတရဲ့အမြင်ကို ဖော်ပြနေပါတယ်။ သူ့ရဲ့ အမြင်ကျဉ်းမြောင်းမှုရယ်၊ ဒါတွေ နောက်တခါ ကျွန်တော်တို့ ကိုယ့်တိုင်ပြည်ကိစ္စတွေကိုပဲ ဆွေးနွေးပြီးတော့ နိုင်ငံတကာရေးရာကို စိတ်ဝင်စားမှု မရှိတာကို ဖော်ပြနေတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ စိုးရိမ်မှုက အဲ့ဒါပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန် လက်ရှိပါဝင် ပတ်သက်နေတဲ့ နိုင်ငံတကာရေးရာတွေ၊ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုကိစ္စကို သူ့အနေနဲ့ သမ္မတကျမ်းကျိန် တဲ့ နေရာမှာတောင်မှ ဖွင့်ပြောမှုမရှိဘူးဆိုရင် သူ့ရဲ့သက်တမ်းအတွင်းမှာ နိုင်ငံတကာရဲ့သက်ရောက်မှု မြန်မာ နိုင်ငံတင် မကဘဲနဲ့ နိုင်ငံတကာရဲ့ရေးရာတွေမှာသက်ရောက်မှုဟာ တကယ်ကို အများ ဆိုးကျိုးသက်ရောက် သွားနိုင်တယ်ဗျ။ အဲ့ဒါက ကျွန်တော်တို့က အရင်ကတည်းက စိုးရိမ်ခဲ့တာပါ။ အဲ့ဒီတော့ အမြင်ကျဉ်းမြောင်း မှုတွေ၊ နောက်တစ်ခုက ကမ္ဘာ့ရေးရာကို ကျွမ်းကျင်မှုမရှိတာတွေကြောင့် အမေရိကန်နိုင်ငံက အရင်တုန်းက ပါဝင်ခဲ့တဲ့အတိုင်း ပါဝင်မှုမရှိဘဲနဲ့ လမ်းကြောင်းလွဲသွားမှာကို ကျွန်တော်တို့ စိုးရိမ်နေသလို နိုင်ငံတော်တော်များ များကလည်း စိုးရိမ်နေတာရှိပါတယ်။ မြန်မာနိုင်ငံအပေါ်ကို အကူအညီပေးနေတဲ့ အခြေအနေက ပြောင်းလဲနိုင် တယ်။ ဒါပေမယ့် ကျွန်တော်တို့ခက်တာက သူ့ရဲ့နိုင်ငံခြားရေး မူဝါဒကို ဘာမှမထုတ်ပြန်တာ။ ဘာမှမပြောသွား သေးတဲ့အတွက် ဘယ်လိုမျိုးသွားမလဲ၊ ဘယ်လိုကိုင်တွယ်မလဲ၊ နဂိုကမှ အာရှဒေသကို စိတ်ဝင်စားမှုနည်းနေတဲ့ ထဲမှာမှ နိုင်ငံခြားရေး နိုင်ငံခြားရေးပေါ်လစီတစ်ရပ်ကို ဘယ်လိုကိုင် တွယ်မလဲဆိုတာ ရှင်းပြမှု မရှိခြင်းက သိပ်တော့ အလားအလာ မကောင်းဘူးခင်ဗျ။

 ဦးဇော်ဌေး (သမ္မတရုံး - ညွှန်ကြားရေးမှူးချုပ်)

ပြောရရင် နိုင်ငံခြားရေးမူဝါဒပေါ့နော်။ နိုင်ငံခြားရေးမူဝါဒမှာ ဒေါ်နယ်ထရမ့်ရဲ့ ဦးစားပေးမှုက ပြည်တွင်းကို ဦးစားပေးတဲ့ပုံစံဖြစ်တယ်။ ဒါပေမယ့်လည်း အမေရိကန်ရဲ့ လက်ရှိကမ္ဘာ့စင်မြင့်မှာရှိနေတဲ့ အနေအထားအရ အမေရိကန်က အဓိကမဏ္ဍိုင်ကြီးဖြစ်နေတယ်။ ဖြစ်နေတော့ ကမ္ဘာ့အရေးကိစ္စတွေမှာ သူ့ရဲ့ပါဝင်ပတ်သက် မှုတွေက နိုင်ငံခြားရေးမှုဝါဒကို သက်ရောက်မှုရှိနေတယ်။ ရိုက်ခတ်တယ်ပေါ့။ သက်ရောက်မှုရှိနေတော့ အဓိကဝန်ထုပ်ဝန်ပိုးတွေ သူက ဘာကို ဆိုလိုလဲဆိုတာတော့ ကျွန်တော်တို့ နားလည်တာကတော့ ဘတ်ဂျက် တွေ ကုန်ကျနေတာတွေကို ပြင်ပမှာသုံးမယ့်အစား ပြည်တွင်းမှာ သုံးသွားမယ်လို့ သူပြောတယ်။ နိုင်ငံတကာ ရေးရာကိစ္စတွေမှာ သူတို့အမေရိကန်တပ်တွေ သွားနေတဲ့ဟာထက် အမေရိကန်ပြည်သူတွေအတွက်ပဲ လုပ်တော့မယ်ဆိုတဲ့ သဘောတွေ့ရတယ်။ နောက်တစ်ချက်က တစ်ချိန်တည်းမှာပဲ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်ဝါဒီတွေကို ကမ္ဘာမြေပေါ်ကနေ အမြစ်ပြတ်ချေမှုန်းမယ်လို့ သူပြောထားတယ်။ ပြောထားတော့ ဒီအပိုင်းမှာတော့ နှစ်ခုက သွားပြီးတော့ ဝိရောဓိဖြစ်နေတယ်။ ISIS ကို တိုက်ခိုက်နေတဲ့ အမေရိကန်ဦး ဆောင် တဲ့ အဖွဲ့၊ အဲ့ဒီဆောင်ရွက်ချက်တွေက ထပ်တိုးလာမယ့်သဘောရှိတယ်။ သို့သော် ကျန်တဲ့ လုံခြုံရေးအရ အကာအကွယ်ပေးနေရတဲ့ အထူးသဖြင့် အာရှ၊ ပစိဖိတ်ပေါ့နော် အဲ့ဒီနိုင်ငံတွေမှာကျရင်တော့ ကုန်ကျစရိတ် တွေလျော့မယ်လို့ ကျွန်တော်ကတော့ မှန်းတယ်ပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly