ပုသိမ်-ရန်ကုန်အသွား ကားပေါ်တွင် အမျိုးသမီးနှစ်ဦးအား လူကုန်ကူးရန် ခေါ်ဆောင်မှု ဖြစ်ပွား

ပုသိမ်-ရန်ကုန်အသွား ကားပေါ်တွင် အမျိုးသမီးနှစ်ဦးအား လူကုန်ကူးရန် ခေါ်ဆောင်မှု ဖြစ်ပွား

ဇန်နဝါရီ ၂၁ ။              ။ ပုသိမ်-ရန်ကုန်အသွား ကားပေါ်တွင်  အမျိုးသမီးနှစ်ဦးအား လူကုန်ကူးရန် ခေါ်ဆောင်မှုတစ်ခု ယမန်နေ့က  ဖြစ်ပွားခဲ့ကြောင်း ကန်ကြီးထောင့်မြို့နယ်၊ မြို့မရဲစခန်းမှ သိရသည်။

အမှုဖြစ်စဉ်မှာ ကန်ကြီးထောင့်မြို့နယ်၊အမှတ် ၁ရပ်ကွက်နေထိုင်သူ အသက် ၁၇နှစ်အရွယ် မိန်းကလေးနှစ်ယောက်အား တရုတ်နိုင်ငံသားနှင့်အိမ်ထောင်ကျနေသည့် ဒေါ်ခင်ဆွေဦးက စည်းရုံးခေါ်ဆောင် သွားစဉ် ကျောင်းကုန်းမြို့နယ်အစပ်တွင် ပုသိမ်-ရန်ကုန်သို့သွားသည့် ခရီးသွားကားပေါ်တွင် တွေ့ရှိရပြီး ကန်ကြီးထောင့်မြို့နယ်ရဲစခန်းတွင်   ခေါ်ယူစစ်ဆေးခဲ့ရာမှ   ပေါ်ပေါက်ခဲ့ခြင်း  ဖြစ်သည်။

"ကန်ကြီးထောင့်က ကလေးတွေကို ခေါ်လာတာတွေ့ရတယ်၊သူတို့ကို တရုတ်ခေါ်သွားမယ်။ ဟိုရောက်ရင် တရုတ်ယောကျာၤးကို ယူရမယ်။ ဟိုရောက်ရင် ပိုက်ဆံ သုံးဆယ်ငါးသိန်း၊လေးဆယ် ရမယ်။ မူဆယ်မြို့ရောက်တာနဲ့မိဘတွေကို လွဲှပေးမယ်ပြောပြီးခေါ်သွားတဲ့အတွက် ဒေါ်ခင်ဆွေဦးကို လူကုန်ကူးဥပဒေနဲ့အရေးယူထားတယ်။ သူခေါ်သွားတယ်သူတွေက တူမလည်းပါတယ်၊ အရင်က   လေးယောက်လောက် ပို့ထားတာတွေ ရှိတယ်။ သူကိုယ်တိုင်လည်း တရုတ်နိုင်ငံသားနဲ့ အိမ်ထောင်ကျထားတဲ့သူပါ"ဟု ကန်ကြီးထောင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမင်းဆွေက အမှုနှင့်ပတ်သက်ပြီး   ပြောသည်။

ယခု ပုသိမ်လူကုန်ကူးမှုတားဆီးရေးအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး မူဆယ်မြို့၊ လူကုန်ကူးမှု တားဆီးရေးနှင့် ချိတ်ဆက်ကာ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။ ဒေါ်ခင်ဆွေဦးအား လူကုန်ကူးအက်ဥပဒေပုဒ်မ ၂၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ဆယ်နှစ်(သို့ )တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ကြောင်း သိရသည်။

"ကျွန်တော်တို့သတင်းရတော့ သက်ဆိုင်ရာကိုအကြောင်းကြားပြီး သူတို့ကို စောင့်ကြည့်နေတယ်၊ အခုတော့ ကျွန်တော်တို့လူကုန်ကူးမှုကို တားဆီးနိုင်ခဲ့သလို မိန်းကလေးတွေကို ကယ်တင်လိုက်နိုင်တယ်။ အရင်က လေးယောက်လောက်ပို့ထားတယ်။ အခုလည်း သူ့တူမ ပါတယ်။ မနက်က ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်"ဟု အမှုအား ကူညီဆောင်ရွက်ပေးသူ ကိုအာကာအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လူကုန်ကူးတားဆီးရေးအဖွဲ့မှ ဒုရဲမှူးသက်ဦးက "လူကုန်ကူးတားဆီးမှုအချက် ၈ချက်မှာ ဒုတိယအချက်ဖြစ်တဲ့ ကာမလိမ်လည်ရယူသည့်အချက်ဖြင့် ငြိစွန်းနေကြောင်း"အမှုနဲ့ ပတ်သက်ပြီး ပြောသည်။

ကန်ကြီးထောင့်မြို့နယ်၊မြို့မရဲစခန်းမှ တရားလိုအဖြစ် ဒုရဲအုပ်ဇာနည်က တရားလိုပြုပြီး ဒေါ်ခင်ဆွေဦးအား လူကုန်ကူးအက်ဥပဒေ ၂၄ ဖြင့် ဇန်နဝါရီလ ၂၁ရ က်နေ့တွင် အမှုဖွင့်ထားပြီး အမှုအား ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပထမဆုံးအကြိမ် လူကုန်ကူးမှုဖြစ်ကြောင်း သိရှိရသည်။

ကန်ကြီးထောင့်မြို့နယ်၊ မြိုု့မရဲစခန်းတွင် တရားခံဒေါ်ခင်ဆွေဦးအား ပနံပတ်၁၅/၂၀၁၇ဖြင့် လူကုန်ကူူးအက်ဥပဒေပုဒ်မ ၂၄ဖြင့် ဇန်နဝါရီလ ၂၁ရက်နေ့တွင် အမှုဖွင့်အရေးယူထားကြောင်း မြိုု့မ စခန်းမှူး ဒုရဲမှူးမင်းဆွေက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly