အင်ဒိုနီးရှားအစိုးရ ရခိုင်ပြည်နယ််အတွက် လူသားချင်းစာနာ ထောက်ပံ့မှု ပေးအပ်

အင်ဒိုနီးရှားအစိုးရ ရခိုင်ပြည်နယ််အတွက် လူသားချင်းစာနာ ထောက်ပံ့မှု ပေးအပ်

စစ်တွေ၊ ဇန်နဝါရီ ၂၁ ။                  ။ ရခိုင်ပြည်နယ်၊ မြောက်ပိုင်း၊ ပဋိပက္ခဖြစ်ပွားလျှက်ရှိရာနေရာများရှိ အသိုက်အဝန်းနှစ်ခုအား လူသားချင်းစာနာအထောက်အပံ့ပစ္စည်းများအား  ထောက်ပံ့ကူညီ   ပေးနိုင်ရေးအတွက် အင်ဒိုနီးရှားအစိုးရမှ မြန်မာအစိုးရသို့ ယနေ့နေ့လည် ၁၂ နာရီခွဲအချိန်တွင် ရခိုင်ပြည်နယ်အစိုးရရုံး၌ ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် စစ်တွေမြို့နယ်အတွင်းမှ သက္ကေပြင် (ရွာမ)နှင့် လက်မချေကျေးရွာတွင် ဆောက်လုပ်လျှက်ရှိသည့် စာသင်ကျောင်းနှင့် စားနပ်ရိက္ခာပစ္စည်းများအား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး H.E Mrs Reton. L. P .Marsudiမှ အင်ဒိုနီးရှားအစိုးရကိုယ်စား ပေးအပ်ခဲ့ကာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံခဲ့ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးနေရတဲ့သူတွေ။ ဒေသခံတွေရဲ့ အခက် အခဲတွေကို ကူညီပေးတာပါ။

လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ ပေးတာဖြစ်ပါတယ်။ ဒုက္ခသည်စခန်း တွေမှာရှိနေကြတဲ့ ကလေးတွေ ပညာသင်ကြားနိုင်ဖို့အတွက်လည်း စာသင်ကျောင်းတွေ ဆောက်လုပ်ပေးထား ပါတယ် ”ဟု H.E Mrs Reton. L. P .Marsudi က ပြောခဲ့သည်။

ယင်းသို့ အထောက်အပံ့ပစ္စည်းများ ပေးအပ်သည့်အခမ်းအနားပြုလုပ်ပြီး နေ့လည်ပိုင်းတွင် စစ်တွေမြို့နယ် အတွင်းရှိ သဲချောင်း ဒုက္ခသည်စခန်းသို့ သွားရောက်ကာ ယင်းဒုက္ခသည်စခန်းရှိ အစ္စလမ်ဘာသာဝင်များနှင့် တွေ့ဆုံကာ ယင်းတို့၏လိုအပ်ချက်များ၊ အခက်အခဲများအား ထောက်ပံ့ကူညီပေးနိုင်ရေးကိစ္စရပ်များကို လေ့လာခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားအစိုးရ၏ အမေရိကန်ဒေါ်လာ ၁၃၃၂၀ တန်ဖိုးရှိသည့် ထောက်ပံ့ကူညီပေးရေး ပစ္စည်းများအား သယ်ဆောင်လာခဲ့သောယဉ်များမှာ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပြီးခဲ့ဇနန်ဝါရီလ ၂၀ ရက်နေ့ည ၁၀ နာရီ အချိန်တွင် ရောက်ရှိကြောင်းသိရသည်။  အဆိုပါစားနပ်ရိက္ခာပစ္စည်းများအား မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံမြို့များသို့ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly