သပိတ်ကျင်းမြို့နယ်၊ ကျေးရွာမြေများပေါ် တရားမဝင်ရွှေတူးဖော်နေသောကုမ္ပဏီများကို အရေးယူပေးရန် ဒေသခံများက သပိတ်စခန်းဖွင့်တောင်းဆို

သပိတ်ကျင်းမြို့နယ်၊ ကျေးရွာမြေများပေါ် တရားမဝင်ရွှေတူးဖော်နေသောကုမ္ပဏီများကို အရေးယူပေးရန် ဒေသခံများက သပိတ်စခန်းဖွင့်တောင်းဆို
(ဓာတ်ပုံ - ထိန်ထိန်လင်း)

မန္တလေး၊ဇန်နဝါရီ ၂၁ ။           ။ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာမြေများနှင့် ထိစပ်နေသည့်မြေနေရာများတွင် ရွှေတူးဖော်ရေးကုမ္ပဏီတစ်ချို့က ဝင်ရောက်တူးဖော်နေခြင်းကို တားဆီးအရေးယူပေးရန် ဒေသခံများက သပိတ်ကျင်းမြို့နယ်၊ကျောက်မျက်တူးဖော်ရေးရုံးရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်တောင်းဆိုလျှက်ရှိသည်ဟု ဦးဆောင်သူ ဦးမောင်ကြီးက ပြောသည်။

ထိုသို့ဆန္ဒဖော်ထုတ်တောင်းဆိုခြင်းကို ဇန်နဝါရီလ ၁၄ ရက်နေ့က စတင်ခဲ့ပြီး ယနေ့အချိန်ထိ တောင်းဆိုနေဆဲဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လာရောက်ဖြေရှင်းပေးမှသာ သပိတ်စခန်း ဖွင့်တောင်းဆိုမှုကို ရပ်တန့်မည်ဟု ဦးမောင်ကြီးက ဆိုသည်။

သပိတ်စခန်းဖွင့်တောင်းဆိုနေကြသူများသည် "သတ္တုတွင်းဥပဒေကို မလိုက်နာသော လုပ်ငန်းရှင်များအား အရေးယူပေးရေး၊ ဒို့အရေး။ သတ္တုတွင်းဥပဒေကို ချိုးဖောက်နေသော ဝန်ထမ်းများကို အရေးယူပေးရေး၊ ဒို့အရေး။ ဒေသခံများ အလုပ်အကိုင် အခွင့်လန်းရရှိရေး၊ဒို့အရေး။တရားဥပဒေစိုးမိုးရေး၊ဒို့အရေး။အစိုးရအဖွဲ့ကို မျက်လှည့်ပြနေသော ဝန်ထမ်းများ အလိုမရှိ။ဒေသခံကို ခုတုံးလုပ်နေသော လုပ်ငန်းရှင် ကုမ္ပဏီများ အလိုမရှိ ဟူ၍ ကြွေးကြော်တောင်းဆိုလျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly