သမ္မတစဖြစ်သည့်နေ့တွင် Obamacare ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြောင်းလဲသည့် အမိန့်ညွန်ကြားချက်ကို ဒေါ်နယ်ထရမ့် လက်မှတ်ထိုး

သမ္မတစဖြစ်သည့်နေ့တွင် Obamacare ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြောင်းလဲသည့် အမိန့်ညွန်ကြားချက်ကို ဒေါ်နယ်ထရမ့် လက်မှတ်ထိုး

ဇန်နဝါရီ ၂၁ ။            ။ ယခင်သမ္မတအိုဘားမား လက်ထက်က လုပ်ဆောင်ခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ Obamacare ကို ပြောင်းလဲသည့် အမိန့်ကြေညာချက်တစ်ခုကို သမ္မတဖြစ်ဖြစ်ချင်းနေ့မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၀ ရက်မှာ လက်မှတ်ရေးထိုးလိုက်သည်ဟု သိရသည်။

ယင်းဥပဒေကိုတော့ မိမိလက်ထက်အရောက်တွင် ရုပ်သိမ်းဖယ်ရှားသွားမည်ဟုလည်း ထရမ့်က ယခင်ကာလများကတည်းက ပြောကြားထားခဲ့ဖူးသည်။

ယခုအမိန့်ကြေညာချက်နှင့်အတူ ၂၀၁၀ ကျန်းမာရေးစောင့်ရှောက်မှုအက်ဥပဒေကြောင့် စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုးဖြစ်မှုများကို လျှော့ချသွားရန် ရည်ရွယ်ကြောင်း ယင်းအိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်း လက်မှတ်ရေးထိုးခြင်းအခမ်းအနား၌ ထရမ့်၏ အိမ်ဖြူတော် အရာရှိချုပ် Reince Priebus က ပြောသည်။

သမ္မတဟောင်း ဘရက်ခ် အိုဘားမား လုပ်ဆောင်ခဲ့သော ယင်းစနစ်ကို ဖျက်သိမ်းနိုင်ရေးကလည်း လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်ထားသော ရီပတ်ဘလစ်ကန်တို့၏ အဓိကဦးစားပေး ရည်ရွယ်ချက်တစ်ခုလည်း ဖြစ်ခဲ့သည်။

ယခု ထရမ့်လက်မှတ်ထိုးလိုက်သည့် အမိန့်ဥပဒေအရ ၎င်းတို့အစိုးရအနေဖြင့် အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုအက်ဥပဒေကို ရုပ်သိမ်းရန် ဆက်လက်စီစဉ်လုပ်ဆောင်သွားနိုင်ရေးဘက်ကို ဦးတည်နေပြီး တစ်ချိန်တည်းတွင်လည်း အခြားဥပဒေတစ်ရပ်ကို ပြဌာန်းသွားနိုင်ရန် ပါရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly