အီတလီတွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှု ဖြစ်စဉ်တွင် သေဆုံးသူ ၁၆ ဦးထိ မြင့်တက်လာ

အီတလီတွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှု ဖြစ်စဉ်တွင် သေဆုံးသူ ၁၆ ဦးထိ မြင့်တက်လာ

ဇန်နဝါရီ ၂၁ ။             ။ အီတလီနိုင်ငံမြောက်ပိုင်းတွင် ဇန်နဝါရီ ၂၀ ရက်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံးသူဦးရေ ၁၆ ဦးထိ မြင့်တက်ခဲ့ပြီဖြစ်ကြောင်း မီးသတ်သမားများက ပြောသည်။ ယာဉ်တိုက်မှုဖြစ်ပွားသည့် ယင်းဘတ်စ်ကားမှာ ဟန်ဂေရီနိုင်ငံသား ဆယ်ကျော်သက်များလိုက်ပါစီးနင်းလာသော ကားဖြစ်ကြောင်းလည်း သိရသည်။

ဇန်နဝါရီ ၂၀ ရက်ညပိုင်းက ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ယခုအခါ ထိခိုက်ဒဏ်ရာရသူ ၃၆ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားပြီးလည်းဖြစ်သည်။

ဘတ်စ်ကားမောင်းနှင်သူ ပြင်သစ်နိုင်ငံသား ဒရိုင်ဘာနှင့် ၎င်း၏ မိသားစုလည်း သေဆုံးသူများထဲတွင် ပါဝင်သွားနိုင်ကြောင်း အီတလီသတင်းအေဂျင်စီ Agi က ပြောသည်။

ယင်းဘတ်စ်ကားတွင် ခရီးသည်ပေါင်း ၅၀ ခန့် လိုက်ပါစီးနင်းလာခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးသည်အများစုမှာ အသက် ၁၆ နှစ် နှင့် ၁၈ နှစ်ကြား ဆယ်ကျော်သက်လူငယ်များဖြစ်ကြောင်း မီးသတ်သမားများက ပြောသည်။

ယင်းကားမှာ နိုင်ငံမြောက်ပိုင်း ဗီရိုနာမြို့ရှိ လမ်းမကြီးတစ်ခုတွင် တာဝါတိုင်တစ်ခုကို ဝင်တိုက်ကာ မီးစွဲလောင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly