အမေရိကန်ပြည်သူတွေထံ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းမည်ဖြစ်ကြောင်း သမ္မတသစ်ဖြစ်လာသည့် ဒေါ်နယ်ထရမ့် ကတိပြု

အမေရိကန်ပြည်သူတွေထံ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းမည်ဖြစ်ကြောင်း သမ္မတသစ်ဖြစ်လာသည့် ဒေါ်နယ်ထရမ့် ကတိပြု

ဇန်နဝါရီ ၂၁ ။                        ။ အမေရိကန်နိုင်ငံ၏ ၄၅ ဦးမြောက် သမ္မတအဖြစ် ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်က ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုပြီးစီးခဲ့ပြီးနောက် နိုင်ငံကို အုပ်ချုပ်ခွင့် အာဏာများမှာ ပြည်သူများထံသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ကျမ်းကျိန်ပွဲအပြီး သမ္မတသစ် ထရမ့်က မိန့်ခွန်းပြောကြားရာ၌ ယခုအချိန်မှစ၍ ဝါရှင်တန်ဒီစီမြို့တော်က အာဏာကို ပြည်သူများဆီ လွှဲပြောင်းရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ပြောကြားသွားသည်။

" ဒီနေ့ဟာ ခင်ဗျားတို့အားလုံးရဲ့ နေ့ပါ၊ ဒီပွဲဟာ ခင်ဗျားတို့ အားလုံးရဲ့ ပွဲပါ၊ အမေရိကန်ပြည်ထောင်စုဟာ ခင်ဗျားတို့ နိုင်ငံပါ" ဟု ထရမ့်က မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

၂၀၁၇ ဇန်နဝါရီ ၂၀ မှာ နိုင်ငံကို နောက်တစ်ကြိမ် ပြည်သူများလက်ထဲ အာဏာပြန်လည် ရောက်ရှိသည့်နေ့အဖြစ် အမှတ်ရနေတော့မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly