ဟောင်ကောင်တွင် ထရမ့်ဆန့်ကျင်သူတစ်ဦးက အမေရိကန်ကောင်စစ်ဝန်ရုံး အဝင်တံခါးတွင် ကိုယ့်ကိုယ်ကို သံကြိုးခတ်ထားကာ ဆန္ဒပြ

ဟောင်ကောင်တွင် ထရမ့်ဆန့်ကျင်သူတစ်ဦးက အမေရိကန်ကောင်စစ်ဝန်ရုံး အဝင်တံခါးတွင် ကိုယ့်ကိုယ်ကို သံကြိုးခတ်ထားကာ ဆန္ဒပြ

ဟောင်ကောင်၊ ဇန်နဝါရီ ၂၀ ။           ။ ဟောင်ကောင်တွင် ဒေါ်နယ်ထရမ့်အား ဆန့်ကျင်သူတစ်ဦးက အမေရိကန်ကောင်စစ်ဝန်ရုံးက ဝင်ပေါက်တံခါးနှင့် ကိုယ်ကိုကို တွဲလျက် သံကြိုးခတ်ထားကာ ဆန္ဒပြသသည်။

အနောက်တိုင်းသားပုံပေါက်သည့် ယင်းဆန္ဒပြသူသည် ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာဆိုခြင်းကို ကန့်ကွက်ဆန့်ကျင်ကာ ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန် ဆန္ဒပြလာခြင်းဖြစ်သည်။

အိမ်ယာမြေလုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရမ့်က ယနေ့ ဇန်နဝါရီ ၂၀ ရက်တွင် အမေရိကန်၏ ၄၅ ယောက်မြောက်သမ္မတအဖြစ် ကျမ်းသစ္စာဆိုသည်။

ယခုဆန္ဒပြသူမှာ အမေရိကန်ကောင်စစ်ဝန်ရုံး အဝင်တံခါး သံတိုင်နှင့် ၎င်း၏ လည်ပင်းတို့ကို မော်တော်ဆိုင်ကယ်များ ခတ်သော ချိန်းကြိုးမျိုးဖြင့် တွဲလျက်ခတ်ထားခြင်းဖြစ်သည်။

၎င်းအား ဟောင်ကောင်ရဲများက ဖမ်းဆီးထားပြီဖြစ်သည်။ ၎င်းဆန္ဒပြသူအပြင် အခြားတက်ကြွလှုပ်ရှားသူနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း သတင်းတ်စရပ်က ဖော်ပြသည်။

ရီပတ်ဘရီကန်ပါတီမှ ဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်ကို အနိုင်ရကာ ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာဆိုခြင်းဖြစ်သည်။

“အမေရိကန် ပထမ”ဟူသည့် ကြွေးကြော်သံနှင့်အတူ မက္ကဆီကိုနယ်စပ်တွင် တံတိုင်းကာမည်၊ ပြည်ပထွက်လုပ်သည့် ကုမ္ပဏီများအား အခွန်ကြီးလေးစွာ ချမှတ်မည်စသည့် အငြင်းပွားဖွယ် မူဝါဒများဖြင့် အမေရိကန်၏ ၄၅ ယောက်မြောက်သမ္မတအဖြစ် ကျမ်းသစ္စာဆိုခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly