သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတွင် လမ်းသွားလမ်းလာများကို ကားဖြင့် ရည်ရွယ်ချက်ရှိရှိ လိုက်တိုက်မှုဖြစ်ပွား၊ သုံးဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတွင် လမ်းသွားလမ်းလာများကို ကားဖြင့် ရည်ရွယ်ချက်ရှိရှိ လိုက်တိုက်မှုဖြစ်ပွား၊ သုံးဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ဇန်နဝါရီ ၂၀ ။             ။ သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မဲလ်ဘုန်းတွင် ဇန်နဝါရီ ၂၀ ရက်အစောပိုင်းက လမ်းသွားလမ်းလာများကို ကားဖြင့် တမင်သက်သက် လိုက်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ သုံးဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြသည်။

သို့သော် ယင်းဖြစ်စဉ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု မဟုတ်ကြောင်း သြစတြေးလျ ရဲများက ပြောသည်။

သြစတြေးလျ ဗစ်တိုရီးယားပြည်နယ် ရဲတပ်ဖွဲ့မှ အကြီးအကဲ Stuart Bateson က ယင်းဖြစ်စဉ်မှာအကြမ်းဖက်မှုနှင့် သက်ဆိုင်ခြင်း မရှိသော်လည်း ကားမောင်းသမားမှာ တမင်သက်သက် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောသည်။

" တောင်ပိုင်းဒေသမှ ဖြစ်ထားတဲ့ ဓါးထိုးမှုတစ်ခုနဲ့ ခုကိစ္စနဲ့ ပတ်သက်နေတယ်လို့ ကျွန်တော်တို့ ကောက်ချက်ချထားပါတယ်၊ ကားသမားကိုတော့ ဖမ်းထားပါပြီ၊ ခုချိန်မှာတော့ ပြည်သူလူထုအတွက် အန္တရာယ်မရှိတော့ပါဘူး ၊ ဒီကိစ္စက အကြမ်းဖက်အဖွဲ့တွေက ခိုင်းလို့လုပ်တာမျိုး မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်" ဟု ၎င်းက ပြောသွားသည်။

" ဒီကားမောင်းသမား အမျိုးသားက ဖလင်ဒါလမ်းနဲ့ ဆွစ်စတန်လမ်းထောင့်မှာ အဝိုင်းပုံ ပတ်ခဲ့တယ်၊ ပြီးတော့ ဘယ်ဘက်လမ်းကို ခေါင်းတည်ပြီးတော့ လူအုပ်ထဲ ဝင်လိုက်တိုက်သွားတာပါ၊ ပြီးတော့ လူသွားလမ်းအတိုင်း ဆက်မောင်းပြီး လမ်းသွားသူတွေကို ဆက်တိုက်သွားပါသေးတယ်" ဟု ၎င်းက ပြောသည်။

" သူက ကားကို လုံ့ဝကို မရပ်လိုက်ပါဘူး၊ လမ်းလျှောက်နေကြတဲ့သူတွေက သူ့ကားနဲ့ လွတ်အောင် ပြေးကြတော့ သူက နောက်ကနေ ဆက်လိုက်ပြီး တိုက်သွားတော့တာပါပဲ" ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags