တရုတ်သို့ငွေကြေးအမြောက်အမြားဖြင့်ပြောင်းရွှေ့ရန် အက်ရှ်လေယန်းစဉ်းစားနေ

တရုတ်သို့ငွေကြေးအမြောက်အမြားဖြင့်ပြောင်းရွှေ့ရန် အက်ရှ်လေယန်းစဉ်းစားနေ

ဇန်နဝါရီ ၂၀၊ မန်ချက်စတာ။            ။ အက်ရှ်လေယန်းသည် ယခုလအတွင်း တရုတ်သို့ငွေကြေးအမြောက်အမြားဖြင့်ပြောင်းရွှေ့ရန်အတွက် ပရီးမီးယားလိဂ်မှ စိတ်ဝင်စားမှုကို ပယ်ချဖွယ်ရှိနေသည်။

အသက် ၃၁ နှစ်အရွယ် မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားကို တရုတ်စူပါလိဂ်ကလပ် ရှန်းတုန်းလူနင်အသင်းက အလိုရှိနေသည်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းကို ပုံမှန်ပွဲထွက်ခွင့်ပေးပြီးခေါ်ယူလိုသည့် ပရီးမီးယားလိဂ်ကလပ်များထဲတွင် ဝက်စ်ဘရွန်းအသင်းလည်းပါဝင်သည်။

သို့သော်လည်း တရုတ်ကလပ်သည် ယန်းကိုသုံးနှစ်စာချုပ်အတွက် အသားတင်ပေါင် ၁၆ သန်းပေးမည်ဟု ကမ်းလှမ်းထားပြီး ယန်းအတွက်ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းလိုချင်သည့်မန်ယူအသင်း၏တောင်းဆိုမှုကိုလည်း သဘောတူဖွယ်ရှိသည်ဟု မယ်ရာသတင်းတွင်ဖော်ပြထားသည်။

အိုးထရက်ဖို့ဒ်တွင် တစ်ပတ်ပေါင် ၁၂၀, ၀၀၀ ရနေသော ယန်းသည် ၂၀၁၈ အထိ စာချုပ်သက်တမ်းရှိနေပြီး တစ်နှစ်သက်တမ်း ထပ်တိုးခွင့်ရနိုင်ဖွယ်ရှိသည်။

နည်းပြမော်ရင်ဟိုသည် ယန်းကို ယခုနှစ်ရာသီတွင် ပုံမှန်ကစားနေကျနေရာမဟုတ်သည့် ညာနောက်ခံနေဖြင့်ပွဲထုတ်သည့် အပါအဝင် ခြောက်ပွဲသာ ကစားခွင့်ပြုထားသည်။

ယင်းမှာယန်းကိုစိတ်ပျက်စေသည့်အပြင် တရုတ်သို့နောက်ဆုံးပြောင်းရွှေ့သည့်ကြယ်ပွင့်ကစားသမားဖြစ်လာစေရန် အလေးအနက်ထားစဉ်းစားလာစေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly