ခရစ်ယာန်အသင်း တော်ဝင်ဖြစ်ခြင်း ဆိုင်ရာ ရေနှစ်ရေဖျန်း မင်္ဂလာပြုပွဲများ ရုရှနိုင်ငံတစ်ဝန်း ကျင်းပ

ခရစ်ယာန်အသင်း တော်ဝင်ဖြစ်ခြင်း ဆိုင်ရာ ရေနှစ်ရေဖျန်း မင်္ဂလာပြုပွဲများ ရုရှနိုင်ငံတစ်ဝန်း ကျင်းပ

ဇန်နဝါရီ ၂၀ ။               ။ ခရစ်ယာန်အသင်းတော်ဝင်အဖြစ် သွတ်သွင်းခြင်း အထိမ်းအမှတ် ရေနှစ်မင်္ဂလာပြုပွဲများ ရုရှနိုင်ငံတွင် ပြုလုပ်ခဲ့ကြသည်။

လက်ရှိ ရာသီဥတုအေးခဲနေသည့်အချိန်တွင်  ရုရှ နိုင်ငံသားများမှာ ဇန်နဝါရီ ၁၈ ရက်က နိုင်ငံတစ်ဝန်းရှိ ကန်များ၊ မြစ်များတွင်းများသို့ ဆင်းကာ ယင်းရေနှစ်မင်္ဂလာပွဲများကို ဆင်နွှဲခဲ့ကြသည်။

ယင်းကဲ့သို့ အေးခဲလှသော ရေထဲသို့ ဆင်းသက်နှစ်မြုပ်ခြင်းဖြင့် ၎င်းတို့ ပြုမိထားသမျှ မကောင်းမှုတို့ ပြေပျောက်နိုင်ခြင်း၊ နာမကျန်းဖျားနာမှုဝေဒနာများ ကင်းစင်နိုင်ခြင်း တု့ိ ခံစားရနိုင်သည်ဟု အယူရှိကြသည်ဟုလည်း သိရသည်။

ယင်းနေ့က ရာပေါင်းများစွာသော ရုရှ ခရစ်ယာန်ဘာသာဝင်တို့သည် အေးခဲလှသော ရာသီဥတုဒဏ်ကို အံတုကာ နိုင်ငံတစ်ဝန်းရှိ မြစ်များ ၊ကန်များအတွင်း သို့ ဆင်းသက်နှစ်ဖျန်းမှုများ လုပ်ဆောင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags