ဒေါ်နယ်ထရမ့်၏ သမ္မတရာထူးလက်ခံပွဲ၌ ဖျော်ဖြေရန်ဖိတ်ကြားခြင်းမခံခဲ့ရသည့် အဆိုတော် Kanye West

ဒေါ်နယ်ထရမ့်၏ သမ္မတရာထူးလက်ခံပွဲ၌ ဖျော်ဖြေရန်ဖိတ်ကြားခြင်းမခံခဲ့ရသည့် အဆိုတော် Kanye West

နာမည်ကျော် ရက်ပ်အဆိုတော် Kanye West ဟာ အမေရိကန်တို့၏ အစဉ်အလာပွဲတစ်ခုဖြစ်သော သမ္မတ ရာထူးလက်ခံပွဲတွင် အရွေးချယ်ခံ သမ္မတသစ်ဒေါ်နယ်ထရမ့်အတွက်   ဖျော်ဖြေပေးရန် ဖိတ်ကြားခံခဲ့ရခြင်း မရှိခဲ့ကြောင်း ပွဲစီစဉ်သူ အကြီးအကဲမှ ပြောကြားခဲ့ပါသည်။

စတားအဆိုတော် Kanye West ဟာသူ၏ ဂီတဖျော်ဖြေပွဲ၌ အကယ်၍ သူသာမဲပေးခဲ့မည်ဆိုပါက မစ္စတာထရမ့် ကိုသာမဲပေးမည်ဖြစ်ကြောင်းပြောခဲ့သလို ထရမ့်တာဝါကိုလည်း သွားရောက်လည်ပတ်ခဲ့သောကြောင့် သမ္မတ ရာထူးလက်ခံပွဲတွင် ဒေါ်နယ်ထရမ့်အတွက် ဖျော်ဖြေပေးလိမ့်မည်ဟု ထင်ကြေးပေးခြင်းများရှိခဲ့ပါသည်။

သို့သော်လည်း သမ္မတရာထူးလက်ခံပွဲ၏ အကြီးအကဲဖြစ်သူ တွမ်ဘားရက်က CNN အား ယခုအခမ်းအနားဟာ Kanye West အတွက်တော့ ဖျော်ဖြေရမယ့်ပွဲတစ်ခု မဟုတ်ကြောင်းပြောခဲ့သည်။

သူက Kanye West ဟာ အလွန်ကိုကြီးကျယ်ခမ်းနားတဲ့ ရက်ပ်အဆိုတော်တစ်ယောက်ဖြစ်သော်လည်း သူ့ကို လာရောက်ဖျော်ဖြေဖို့ ကမ်းလှမ်းခဲ့ခြင်း မရှိကြောင်းပြောခဲ့သည်။

မစ္စတာဘားရက်က “သူက သူ့ကိုယ်သူ အရွေးချယ်ခံသမ္မတရဲ့ သူငယ်ချင်းအဖြစ်ယူဆနေပါတယ်။ ဒါပေမယ့် ယခု အခမ်းအနားဟာ သူ့ပွဲမဟုတ်ပါဘူး” လို့ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags