လူးဝစ်တွမ်လင်ဆွန်က သူ၏မိခင်ကွယ်လွန်မှု အကြောင်းနှင့်ပက်သက်၍ ဖွင့်ဟပြောဆိုခဲ့

လူးဝစ်တွမ်လင်ဆွန်က သူ၏မိခင်ကွယ်လွန်မှု အကြောင်းနှင့်ပက်သက်၍ ဖွင့်ဟပြောဆိုခဲ့

One Direction အဖွဲ့မှအဆိုတော် လူးဝစ်တွမ်လင်ဆွန်က သူ၏မိခင်ကွယ်လွန်ပြီးနောက်ပိုင်းတွင် တစ်လောကလုံးအား လက်မြှောက်အရှုံးပေးချင်စိတ် ပေါက်ခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။

ဒါဟာသူ၏မိခင်ဂျိုဟားနားဒီကင် ပြီးခဲ့သောဒီဇင်ဘာလတုန်းက သွေးကင်ဆာရောဂါကြောင့်ကွယ်လွန်ခဲ့ပြီး နောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် လူးဝစ်မှ လူသိရှင်ကြားပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျနော့်ဘဝကိုဆက်လက်ပြီးရှေ့ဆက်သွားရမယ်လို့ ကျနော့်အမေကပြောခဲ့ပါတယ်” လို့လူးဝစ်က အမေရိကန် ရေဒီယို SiriusXM နှင့်အင်တာဗျူး၌ဖွင့်ဟပြောကြားခဲ့သည်။

One Direction အဖွဲ့မှ စတားအဆိုတော်လူးဝစ်ဟာ နာမည်ကျော်ဒီဂျေသမား စတိဗ်အေအိုကီ နှင့်အတူသူ၏ သီချင်းသစ်အတွက် လက်ရှိတွင်အလုပ်အတူလုပ်နေကြပါသည်။

“ကျနော်တစ်လောကလုံးကိုလက်မြှောက်အရှုံးပေးချင်စိတ်ပေါက်တဲ့အချိန်မှာ ကျနော့်အမေကကျနော့်ကို ဘာပဲဖြစ်နေဖြစ်နေ ရှေ့ဆက်သွားရမယ်လို့ပြောခဲ့ပြီး ဒါဟာသူမတစ်ကယ့်ကို   ဖြစ်စေချင်ခဲ့တဲ့ဆန္ဒဖြစ်ပါတယ်” လု့ိ ရေဒီယိုအစီအစဉ်မှူးများအား ပြောခဲ့ပါသည်။

လူးဝစ်၏မိခင် ဂျိုဟာနာသည် လွန်ခဲ့သောဒီဇင်ဘာလ ၇ရက်နေ့တွင် အသက်၄၃နှစ်အရွယ်၌ကွယ်လွန်သွားခဲ့ ပါသည်။ သူမဟာ လွန်ခဲ့သောမေလကတည်းက   သွေးကင်ဆာဝေဒနာကို   ပြင်းပြင်းထန်ထန် ခံစားနေခဲ့ရတာဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly