အီတလီတွင် ငလျင်ကြောင့် ဆီးနှင်းပြိုကျရာမှ ပိတ်မိနေသည့် ဟိုတယ်အတွင်းမှ ရုပ်အလောင်းများကို ဆွဲထုတ်

အီတလီတွင် ငလျင်ကြောင့် ဆီးနှင်းပြိုကျရာမှ ပိတ်မိနေသည့် ဟိုတယ်အတွင်းမှ ရုပ်အလောင်းများကို ဆွဲထုတ်

ရောမ၊ ဇန်နဝါရီ ၂၀ ။              ။ အီတလီနိုင်ငံတွင် ငလျင်လှုပ်ရာမှ နှင်းခဲပြိုကျ၍ ပျက်စီးမှုဖြစ်ခဲ့သည့် တောင်ပေါ်ဟိုတယ်တစ်ခုအတွင်းမှ ဒုတိယမြောက်ရုပ်အလောင်းကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်ခဲ့ရသည်။

ဇန်နဝါရီ ၁၈ ရက်က နိုင်ငံအလယ်ပိုင်းတွင် အားပြင်းငလျင်များ ဆက်တိုက်လှုပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံအလယ်ပိုင်းက ရီဂိုပီယာနို တောင်ပေါ်ဟိုတယ်မှ ငလျင်ကြောင့် ပြိုကျသည့် ဆီးနှင်းများ ပိကျပျက်စီးမှုဖြစ်ခဲ့ပြီး ဟိုတယ်အတွင်း ပိတ်မိနေသူ လူ ၃၀ ခန့်မှာ သေဆုံးဖွယ်ရှိသည်ဟု စိုးရိမ်နေရသည့် အနေအထားတွင် ရှိနေသည်။

နိုင်ငံအလယ်ဗဟိုတွင် အမ်မတ်ထရစ်မြို့မှ အနောက် အနောက်မြောက် လေးမိုင်အကွာ၌ ကနဦး အင်အား ၅ ဒဿမ ၃ အဆင့်ရှိ ငလျင်လှုပ်ခဲ့ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ထုတ်ပြန်ခဲ့သည်။

ငလျင်ဗဟိုမှာ ရောမမြို့ အရှေ့မြောက်ပိုင်း ကီလိုမီတာ ၉၀ အကွာတွင် ဗဟိုပြု၍ လှုပ်ခြင်းဖြစ်ကာ မြို့တော်က ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားရပြီး လူအများ ကြောက်ရွံ့တကြား အဆောက်အအုံများတွင်းက ထွက်ပြေးမှုများဖြစ်ပွားခဲ့သည်။

ဒေသစံတော်ချိန် ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က လှုပ်သွားသည့် ယင်းငလျင်သည် မြေအောက်အနက် တစ်ဆယ်ကီလိုမီတာတွင် လှုပ်သွားခြင်းဖြစ်ပြီး အဆိုပါ ငလျင် လှုပ်ပြီးနောက် ယင်းဒေသတစ်ဝိုက်မှာပင် နောက်ဆက်တွဲ ငလျင်များ ရှစ်ကြိမ်လှုပ်သွားကြောင်း၊ နောက်ဆက်တွဲ ငလျင်တစ်ခု၏ ပြင်းအားမှာ ရစ်ချ်တာစကေး ၅ ဒဿမ ၇ အဆင့်ရှိကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက   ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags