မက္ကဆီကိုတွင် စာသင်ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပြီးနောက် အာဏာပိုင်များက ကျောင်းသားများ၏ လွယ်အိတ်များအား ရှာဖွေရေးများ လုပ်ဆောင်

မက္ကဆီကိုတွင် စာသင်ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပြီးနောက် အာဏာပိုင်များက ကျောင်းသားများ၏ လွယ်အိတ်များအား ရှာဖွေရေးများ လုပ်ဆောင်

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၂၀ ။             ။ မက္ကဆီကိုနိုင်ငံမြောက်ပိုင်းတွင် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးက အခန်းဖော်များအား ပစ်ခတ်ပြီး သူ့ကိုကိုလည်း ပစ်သတ်သွားမှု ဖြစ်ပွားပြီးနောက် အာဏာပိုင်များက ကျောင်းသားများ၏ လွယ်အိတ်များကို ရှာဖွေမှုများ ပြုလုပ်နေရသည်။

ဇန်နဝါရီ ၁၈ ရက်က မွန်တာရေးမြို့ရှိ အရှေ့မြောက်ပိုင်းကောလိပ်တွင် ပစ်ခတ်မှုဖြစ်ပွား၍ ကျောင်းသားကျောင်းသူ သုံးဦးနှင့် ဆရာတစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး အဆိုပါပစ်ခတ်မှုအား ရဲက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နိုင်ငံလုံခြုံရေးရာပြောရေးဆိုခွင့်ရှိသူ အယ်ဒိုဖတ်စီက ပြောသည်။

နူအီဗိုလီယွန်ပြည်နယ်အနှံ့က ပညာရေးတာဝန်ရှိသူများအနေဖြင့် ကျောင်းသားများ၏ လွယ်အိတ်များကို ရှာဖွေစစ်ဆေးခြင်း စည်းမျဉ်းကို ချမှတ်ကာ ယခုလိုတိုက်ခိုက်မှုမျိုး ထပ်မံမဖြစ်ပွားရေးအတွက် အရှိန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

မက္ကဆီကိုမြောက်ပိုင်းတွင် ဂိုဏ်အဖွဲ့အချင်း ပစ်ခတ်တိုက်ခတ်မှုများက ဖြစ်ပွားလေ့ရှိသော်လည်း စာသင်ကျောင်းတွင်း ပစ်ခတ်မှုမျိုး မဖြစ်ဖူးပေ။

ပစ်ခတ်မှုဖြစ်ပွားရာ စာသင်ကျောင်းအား သုံးရက်တာ ပိတ်ထားရသည်။

ပစ်ခတ်မှုကျုးလွန်ကာ ကိုယ်ကိုကိုလည်း ပြန်လည်ပစ်ခတ်ခဲ့သည့် ကျောင်းသားက ဒဏ်ရာကြောင့် ဆေးရုံရောက်ပြီးမှ သေဆုံးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly