ဆယ်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသည့် အလှမယ် မျိုးကိုကိုစန်း ပြန်လည် လွတ်မြောက်လာ

ဆယ်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသည့် အလှမယ် မျိုးကိုကိုစန်း ပြန်လည် လွတ်မြောက်လာ
Photo - Myo KoKo San facebook

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ။                  ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အလှမယ် မျိုးကိုကိုစန်းကို ထိန်းသိမ်းစစ်ဆေးထားရာမှ ပြန်လည် လွှတ်ပေးလိုက်သည်ဟု ရန်ကင်းမြို့မရဲစခန်းက အတည်ပြုပြောကြားသည်။

"ဒီနေ့မနက်ကပဲ လွှတ်ပေးလိုက်ပြီ" ဟု ရန်ကင်းရဲစခန်းက အတည်ပြုပြောကြားပေမယ့် လွှတ်ပေးခဲ့သည့် အကြောင်းပြချက်ကိုမူ ဖြေဆိုခဲ့ခြင်း မရှိပေ။

မျိုးကိုကိုစန်း၏ Facebook ကို CID မှ စစ်ဆေးရာတွင် တရားစွဲဆိုထားသည့်ကိစ္စဖြင့်ကင်းရှင်းကြောင်း အတည်ပြုစစ်ဆေးချက်ရခြင်းကြောင့် ပြန်လွှတ်ပေးလိုက်သည်ဟု ဂေးအလှမယ် မျိုးကိုကိုစန်းက သူ့၏ Facebook လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

"ဘယ်သူ့ ဘယ်သူကိုမှ ဘာမှ မပုတ်ခတ်ကြပါနဲ့။ ညီမ မကြာခင် ဥပဒေဘောင်အတွင်းကပဲ ပြန်လာပါ့မယ် " ဟု မျိုးကိုကိုစန်းက သူ့ပရိသတ်တွေအတွက် ရေးသားထားသည်။

မန္တလေးမှ အလှမယ်မျိုးကိုကိုစန်းကို ဇန်နဝါရီ ၁၇ ရက်ညက ရန်ကုန်လေဆိပ်တွင် Cele Cele Small ပေ့ချ်၏ Adminအ ဖြစ် သံသယရှိမှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ရန်ကင်းမြို့ ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly