ရွှေ့ပြောင်းလုပ်သားများ နိုင်ငံသို့ ပြန်လာကာ မဲပေးနိုင်

ရွှေ့ပြောင်းလုပ်သားများ နိုင်ငံသို့ ပြန်လာကာ မဲပေးနိုင်

ရန်ကုန် ဇူလိုင် ၂၂ ။     ။ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော  ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ မဲပေးလို ပါက နိုင်ငံသို့ပြန်လာကာ မဲပေးရမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန၏ ညွှန်ကြားရေးမှုးချုပ် အဆင့်ရှိသူ အရာရှိကြီးတစ်ဦးက "စားရင်းကောက် တဲ့ထဲမှာရွှေ့ပြောင်း လုပ်သားတွေမပါဘူးလို့သိရတယ်။ ပဏာမအနေနဲ့ ကော်မရှင်မှာ သွားပြီးနားထောင်တုန်းက ရွှေပြောင်းလုပ်သားတွေ အထူး သဖြင့် ထိုင်းကိုရောက်နေသူတွေ မဲပေးဖို့ရှိမယ်ဆိုရင် မြန်မာပြည်ပြန်လာဖို့လိုအပ်ပါတယ်လို့သိရပါတယ်။ ဒါကိုတော့ကော်မရှင် က သိရတာပါ " ဟု မဇ္ဈိမကိုပြောသည်။

ရွှေ့ပြောင်းလုပ်သားများအတွင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပေးသည့်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထား သူများရှိပါ ကရောက်ရှိရာ နိုင်ငံရှိမြန်မာသံရုံးတွင် ကြိုတင်မဲများပေးနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာသံရုံးအခြေစိုက်ရာ နိုင်ငံများတွင်ရောက်ရှိနေသည့် ပြည်ထဲရေးဝန်ကြီး ဌာနကတရားဝင် ထုတ်ပေးထားသော နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ မဲဆန္ဒရှင်များ စာရင်းကို ပြုစုနေပြီး သြဂုတ်လ တွင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့ ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံ့ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရွှေ့ပြောင်းအဖွဲ့များ ဖွဲ့စည်းကာ ယာယီနိုင်ငံကူးလက်မှတ် ၁ ဒဿမ ၆သန်းထိပြုလုပ်ပေးထားသည်ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုး ဒေါ်ခင်နွယ်ဦးက မဇ္ဈိမကိုပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပေးထားသည့် နိုင်ငံကူးလက်မှတ်များကိုင်ဆောင်သူများသာ မဲပေးခွင့်ရရှိမည် ဖြစ်ကြောင်း ကိုလည်း ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ အချို့က ပါတီများ ကျင့်ဝတ်လက်မှတ်ရေးထိုးပွဲတွင် မဇ္ဈိမကို ပြောထားသည်။

ထိုင်းနိုင်ငံအပါအဝင် မလေးရှား၊ စင်ကာပူနှင့် အခြားနိုင်ငံအသီးသီးသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေ သည့် မြန်မာနိုင်ငံသား ၅သန်းနီးပါးထိရှိနေသည်ဟု သက်ဆိုင်ရာအဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။

၂၀၁၄ခုနှစ်သန်းခေါင်းစာရင်းတွင်မူ ပြည်ပသို့ထွက်ခွာကြသည့် အိမ်ထောင်စုဝင်မှာ ၂သန်းကျော်ထိရှိ သည်ဟုကောက်ယူ ရရှိ ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly