မကွေးတွင် NLD ပါတီရုံးအတွက် ကျပ်သိန်း ၆၈၀ ဖြင့် ယခုပတ်အတွင်းဝယ်ယူမည်

မကွေးတွင် NLD ပါတီရုံးအတွက် ကျပ်သိန်း ၆၈၀ ဖြင့် ယခုပတ်အတွင်းဝယ်ယူမည်

မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးဖွင့်ရန်အတွက် အကျယ်ပေ(၄၀) အလျားပေ(၆၅)ရှိ တစ်ထပ်တိုက်တစ်လုံးပါ မြေနေရာအား ကျပ်သိန်း (၆၈၀) ဖြင့် ယခုတစ်ပတ်အတွင်း ဝယ်ယူမည်ဖြစ် ကြောင်း သိရှိရသည်။

ယင်းမြေနေရာမှာ မကွေးမြို့၊ ရန်အောင်ရပ်ကွက်၊ အဝေးပြေးကားကွင်း အရှေ့ဘက်၊ ငွေစင်သိန်းသန်းဟိုတယ် မျက်စောင်းထိုးနေရာတွင်ရှိကြောင်း တိုင်းအဖွဲ့ချုပ်ရုံးမှ သိရှိရသည်။

တိုင်းဥက္ကဋ္ဌ ဦးသိန်းဇော် ရန်ကုန်အဖွဲ့ချုပ်ရုံးသွာပြီး ငွေယူနေပါပြီ။ ဒီရက်ပိုင်းအတွင်း တိုင်းရုံးမြေနေရာအတွက် ငွေပေးချေသွားမှာပါ။ ဗဟိုဌာနချုပ်က တိုင်းရုံးဖွင့်လှစ်နိင်ဖို့ မြေနေရာ ရှာခိုင်းပါတယ်။ ကျွန်တော်တို့ မကွေးမှာ မြေနရာ ရှာဖွေပြီးတင်ပြခဲ့ပါတယ်။ ဝယ်ယူဖို့ ခွင့်ပြုချက်လည်းရပါပြီ ” ဟု မကွေးတိုင်းဒေသကြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊  အလုပ်အမှုဆောင်အဖွဲ့ဝင် တိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးသန်းနိင်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသည် မကွေးမြို့၊ အိုးဘိုရပ်ကွက် (၆)လမ်း၊ တိုက်အမှတ် ၃၀ အား တစ်လလျှင် (၂၈၀၀၀၀)ကျပ်နှုန်းဖြင့် (၃)နှစ်စာချုပ် ချုပ်ဆိုငှားရမ်းဖွင့်ထားလှစ်ထားကာ လာမည့် ဇူလိုင်လတွင် စာချုပ် ပြည့်မည်ဖြစ်ကြောင်း တိုင်းအဖွဲ့ချုပ်အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်နယ်နှင့်တိုင်းများတွင် ပါတီပိုင်ရုံးမြေနေရာများ ဝယ်ယူရန် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၏ လစာများထဲမှ ပါတီရန်ပုံငွေအဖြစ် လှူဒါန်းစေခြင်းဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly