ရမ်းဗြဲမြို့ပေါ်တွင် အမျိုးသမီး ၆၀၀ ကျော်က အရက်တိုက်ဖျက်ရေး ဆန္ဒဖော်ထုတ်

ရမ်းဗြဲမြို့ပေါ်တွင် အမျိုးသမီး ၆၀၀ ကျော်က အရက်တိုက်ဖျက်ရေး ဆန္ဒဖော်ထုတ်

ရမ်းဗြဲ၊ ဇန်နဝါရီ ၁၉ ရက်။              ။ ဒေသအတွင်း အရက်ရောင်းချခွင့် ပိတ်သိမ်းပေးရေး၊ အရက်နွံထဲ လူငယ်များ မရောက်ရှိစေရေးနှင့် ဒေသအတွင်းရှိ လူမှုဘဝ တိုးတက်မြင့်မားစေရေးတို့အတွက် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ်မှ အမျိုးသမီး ၆၀၀ ကျော်က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရမ်းဗြဲမြို့ပေါ်၌ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ကျောင်းချောင်း တိုက်နယ်အတွင်းမှာရှိသော ရွာပေါင်း ၃၀ ကျော်၌ အရက်လိုင်စင်ကို တစ်ဦးတည်း ရရှိထားကာ အရက်များကို အချိန်ပြည့် ရောင်းချနေခြင်းကြောင့် မိသားစုအတွင်း အဆင်မပြေမှုများ ရှိနေခြင်း၊ ကျောင်းသား လူငယ်များမှာလည်း အရက်သေစာ သောက်စားမှု မြင့်တက်လာခြင်းတို့ကြောင့် ကျောင်းသားလူငယ်များအပေါ် ပျက်စီးစေသည့် အပြုအမူမျိုးဖြစ်နေသည့် ဆန္ဒထုတ်ဖော်ရကြောင်း ဆန္ဒထုတ်ဖော်မှု ပါဝင်သူများက ဆိုသည်။

“တိုက်နယ်အတွင်းမှာ အရက်တွေကို အလွန်အကျွံ ရောင်းချနေတာကြောင့် ယောင်္ကျား၊ မိန်းမနှင့် ကျောင်းသား လူငယ်တွေပါ ပျက်စီးမှုများနေတာကို တွေ့ရတယ်။ အိမ်ရှင်မတွေကလည်း သား၊ လင် အရက်သောက်လာရင် နှိပ်စက် ဆဲဆိုမှုတွေကို ခံနေကြရတယ်။ ဒါကြောင့် ကျွန်မတို့ဘက်က ဆန္ဒထုတ်ဖော်တာဖြစ်တယ် ” ကန်တာပြင်ကျေးရွာမှ ဒေါ်သိန်းသိန်းမြင့်က ပြောသည်။

ကျေးရွာအုပ်စုအတွင်း အရက်ရောင်းချခွင့်လိုင်စင်အား ကိုင်ဆောင်ထားသူမှာ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ကြောင်း သိရပြီး ရမ်းဗြဲမြို့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွင် ယခုကဲ့သို့ အရက်ဆိုင်များအားပိတ်သိမ်းပေးရေး လှုပ်ရှားမှုများကို ပြီးခဲ့သည့် ၂၀၀၁၆ ခုနှစ် အစောပိုင်းက စတင်ခဲ့ဲခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly