ရန်ကုန်မြို့တွင်းရှိ လမ်းဘေးခွေးများကို မျိုးဆက်ပွားထိန်းချူပ်မည်

ရန်ကုန်မြို့တွင်းရှိ လမ်းဘေးခွေးများကို မျိုးဆက်ပွားထိန်းချူပ်မည်

ဇန်နဝါရီလ ၁၉ ။           ။ ရန်ကုန်မြို့၊ လသာမြို့နယ်တွင် လမ်းဘေးခွေးတိုးပွားမှု လျော့ကျစေရေးအတွက် မျိုးဆက်ပွားထိန်းချူပ်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှ သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိရစ္ဆာန်ချစ်သူများနှင့်အတူ ပူးပေါင်းပြီး ခွေးအထီးများအား သင်းကွပ်ခြင်း၊ ခွေးအမများအား ခွေးရူးကာကွယ်ဆေးထိုးပေးခြင်းနည်းလမ်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

"လသာမြို့မှာ ရှိသမျှ လမ်းဘေးခွေးတွေကို အကုန်လုံး တားဆေးထိုးပေးမယ်။ မျိုးဆက်ခြားပေးမယ် ။ ကာကွယ်ဆေးထိုးပေးမယ်” ဟု မြို့တော်စည်ပင်မှ ဒု-တိရိစ္ဆာန်ကုသရေးမှူး   ဒေါက်တာဆုသဇင်မြင့်က ပြောသည်။

 ခွေးများကို ခွဲစိတ်နည်းလမ်းအသစ်များ ခွဲစိတ်သွားမည်ဖြစ်ပြီး နာရီဝက်ခန့် အချိန်ယူခွဲစိတ်ရကာ ဆေးဝါးရှားပါးမှုကြောင့် ဆေးကုမ္ပဏီများ၏အကူအညီကို ရယူနေကြောင်း သိရသည်။ ခွေးအထီးများကို သင်းကွပ်ခွဲစိတ်ပေးပြီး ခွေးအရေအတွက် များပြားလာမှုကို ထိန်းချုပ်သွားမည်ဖြစ်ကာ ရန်ကုန်မြို့တော်စည်ပင်မှ ထိုင်းနိုင်ငံမှ ခွေးချစ်သူအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ခွေးအမများအား ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိနေပြီး "တိရိစ္ဆာန်တွေမှာ လူကိုကူးစက်တဲ့ရောဂါတွေထဲမှာ ခွေးရူးရောဂါက ကြောက်မက်ဖွယ် အကောင်းဆုံးပါ။   ခွေးရူးပြန်ရောဂါလက္ခဏာ   ပေါ်လာပြီဆိုရင် ဘယ်လိုမှ ကုသကာကွယ်လို့ မရတော့ပါဘူး ။ ရက်အနည်းငယ်အတွင်းမှာ အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ ဘယ်လိုမှ ကုရာနတ္ထိ ဆေးမရှိတဲ့ရောဂါပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လက်ထောက်ဌာနမှူး ဒေါက်တာလှမေဦး က ပြောသည် ။

ရန်ကုန်မြို့တွင် ခွေးလေခွေးလွင့် တသိန်းခန့်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခန့်မှန်းချက်အရ သိရှိရပြီး ခွေးရူးရောဂါကာကွယ်ဆေး လာရောက်ထိုးနံှသူများ   နေ့စဉ်နီးပါးရှိနေသည်။

ထို့ပြင် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ လမ်းမတော်မြို့နယ်အတွင်းရှိ ခွေးအကောင်ရေ ၂၀၀ ကို ခွဲစိပ်ကုသမည့် ဆေးဝါးများ၊ ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးများကို ဝယ်ယူပြီးဖြစ်သည့်အတွက် ဇူလိုင်လ နောက်ဆုံးပတ်ခန့်တွင် လုပ်ငန်းစတင်နိုင်ရန် ရည်မှန်းထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly