ကျွန်တော့်သီချင်းတွေက လူကို တိုက်တာမဟုတ်ဘူး မူကိုတိုက်တာဆိုတဲ့ ဂျောက်ဂျောက်

ကျွန်တော့်သီချင်းတွေက လူကို တိုက်တာမဟုတ်ဘူး မူကိုတိုက်တာဆိုတဲ့ ဂျောက်ဂျောက်

အရင်က သူ့သီချင်းတွေဆိုရင် အကျယ်ကြီးဖွင့်ပြီး နားမထောင်ရဲအောင် သီဆိုခဲ့တဲ့အဆိုတော် အခုတော့ Hip Hop လောက တတိယမျိုးဆက်ရဲ့ စကားလုံးဘုရင်ဆိုပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ အဆိုတော် သူကတော့ အဆိုတော် ဂျောက်ဂျက်ပါ။ အခုလက်ရှိသူရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ဘာတွေများဖြစ်မလဲ။ ကျွန်မကတော့ ယဉ်မွန်ပါ။ အခုဆိုရင် ဂျောက်ဂျက်နဲ့တွေ့ဆုံဖို့အတွက် သူရှိမယ့်နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ယဉ်မွန်ရဲ့လက်ထဲမှာတော့ Yope မေးခွန်းငါးခုနဲ့အတူ Yope Red Chair ရှိနေပါတယ်။

YOPE_ အကိုရေ မင်္ဂလာပါရှင့်။ အခုလို YOPE အစီအစဉ်မှာတွေ့ရတဲ့အတွက် ဝမ်းသာပါတယ်ရှင်။ ညီမတို့ အစီအစဉ်ကနေ မေးခွန်းငါးခုကို မေးသွားမှာပေါ့နော်။ ဟုတ် ပထမမေးခွန်းပါ အစ်ကို။ အဲ့ဒါက ဂျောက်ဂျက်သီချင်းကို အကျယ်ကြီးဖွင့်ပြီး သီချင်းပြီးတဲ့အထိ နားမထောင်ရဲတဲ့ ပရိသတ်တွေ ရှိခဲ့တယ်ပေါ့နော်။ အဲ့ဒီကာလတုန်းက အကိုဘယ်လိုမျိုးစိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရလဲ။

JJ_ ကျွန်တော်တို့ရန်ကုန် လူငယ်တွေကြားထဲမှာ အဲ့ဒီအချိန်မှာ ကျွန်တော်ပြောခဲ့တဲ့အမှားတွေ၊ အဲ့ဒီအရာတွေအကုန်လုံးက အဲ့ဒီအချိန်မှာ ရန်ကုန်မြို့ထဲမှာ ရှိကိုရှိနေခဲ့တယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်ဘယ်လိုပြောရမလဲ ။ အဲ့ဒီအရွယ်မှာ ကျွန်တော်ဒါကို ဆိုသင့်လား မဆိုသင့်လားဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော်မျက်စိေ့ရှမှာမြင်တာ ကျွန်တော်ဆိုမိတယ်။ဘယ်လိုပြောရမလဲ။ ဘယ်သူဘယ်ဝါဆိုတဲ့ ခေါင်းစဉ်မရှိဘူး။ ကျွန်တော် တစ်ယောက်တည်းကို တိုက်ခိုက်တတ်တဲ့လူမျိုး မဟုတ်ဘူးဗျ။ ကျွန်တော်လူကို မတိုက်ဘူးဗျ။ ကျွန်တော်က မူကိုတိုက်တဲ့လူ။

YOPE_ ဂျောက်ဂျက်အနေနဲ့ပေါ့နော်။ အနာဂတ်မိသားစုဘဝကို ဘယ်လိုပုံစံမျိုးလေး မျှော်လင့်ထားလဲ။

JJ_ ဖခင်မရှိတော့ဘူး။ ဖခင်ကဆုံးသွားပြီ။ အဲ့ဒီဆုံးသွားတဲ့အချိန်မှာ ကျန်နေသေးတဲ့ ကျွန်တော့မိသားစုထဲမှာ ကျွန်တော့်ရဲ့ အဓိကလူတွေဖြစ်တဲ့ ကျွန်တော့ အမေရှိမယ်၊ ကျွန်တော့ အစ်မရှိမယ်၊ ကျွန်တော့ ညီမလေးရှိမယ်။ တစ်ချိန်ချိန်ကြရင်တော့ ကျွန်တော်မိန်းမ မယူဘူးမပြောဘူး။ ကျွန်တော်မိန်းမ ယူချင်ရင်လည်း ယူမှာ။ ယူတဲ့အချိန်ကျရင်လည်း ဘယ်လိုပြောရမလဲ ကျွန်တော် ပျော်ဖို့ကောင်းတဲ့မိသားစုနဲ့ ကျွန်တော့်မိသားစုနဲ့ ဘယ်လိုပြောရမလဲ။ သဟဇာတဖြစ်လည်းဖြစ်တယ်။ ပြီးတော့ အရာရာအဆင်ပြေတဲ့ ဘဝလေးတစ်ခုကို ကျွန်တော့်ချစ်သူနဲ့ကျွန်တော် တည်ထောင်မယ်။ ကျွန်တော့မိသားစုလည်း အနားမှာ အတူတူရှိနေမယ်။

YOPE_ ဒါ နံပါတ်သုံးမေးခွန်းပေ့ါနော်။ မောင်းတင်သံတစ်ခုကို ကြားလို့ပေါ့နော် ဂျောက်ဂျက်ဆိုပြီး နာမည်ပေးထားတယ်လို့ သိရတယ်ပေါ့နော်။ တကယ်လို့ အခြားအသံတစ်ခုခုကိုပေါ့နော် သဘောကျမယ်ဆိုရင် အဲ့ဒီ Rap Name က ဘာများဖြစ်သွားမလဲ။

JJ_ ။ Dice D-I-C-E. အံစာတုံးလေး၊ အံစာတုံးလေးတွေ ပြုတ်ကျတဲ့အသံ။ ကျွန်တော် လောင်းကစားကို လုံး၀ စိတ်မဝင်စားဘူးနော်။ လောင်းကစားလည်း ကြိုက်တာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီ အံစာတုံးလေးတွေ ကျလိုက်တဲ့အသံမျိုးလေးကို ပီပီသသပြတ်ပြတ်သားသား ကြားလိုက်ရတဲ့ အဲ့ဒီ တောက်တောက်တောက်တောက်ဆိုတဲ့ အသံလေးကိုကြားလိုက်ရတဲ့ အချိန်မှာ ကျွန်တော် တောက်တောက် တောက်တောက်ဆိုတဲ့ နာမည်တော့ ပေးလို့မရဘူး။ ဒါပေမယ့် ကျွန်တော် Dice ဆိုပြီးတော့ ပေးလိုက်မိလိမ့်မယ်။

YOPE_  နံပါတ်လေး မေးခွန်းက တတိယမျိုးဆက် စကားလုံးဘုရင်လို့ သတ်မှတ်ခံထားရတဲ့ ဂျောက်ဂျက်ကပေါ့နော် Underground မှာတုန်းကဆိုရင် စကားလုံးတွေက အရမ်းကြမ်းတယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်ခဲ့တယ်ပေါ့နော်။ အခု Main Stream ပေါ်ရောက်တော့အခါမျိုးမှာရော ဒီလိုဝေဖန်မှုတွေကို ကြုံနေရတုန်းပဲလား။ ဘယ်လိုမျိုးရင်ဆိုင်ထားလဲ။

JJ_ ။ ဒီမေးခွန်းဖြေမှပဲ ကျွန်တော် သွားသတိရတာ၊ ဘာသွားသတိရလဲ ဆိုတော့ အောင်မြင်နေတဲ့အချိန်မှာ လုပ်တဲ့သီချင်းတွေကလေ၊ ဘယ်လိုပြောရမလဲ။ ကျွန်တော် ဟိုလို ပြောတာမဟုတ်ဘူး။ အလုပ်တွေ အရမ်းများနေပြီ။ လူတစ်ယောက်က လုံးဝမအားတော့ဘူး။ လုံး၀ မအားတာမှ တော်တော်ကြီးကို မအားတော့တဲ့ သပ်သပ်ချိန်ဆိုတာ ရှိတယ်။ အဲဒီမအားတဲ့အချိန်မှာ လုပ်တဲ့သီချင်းက၊ သီချင်းကိုလဲ ဘယ်လိုပြောရမလဲ။  ကျွန်တော်တို့က အခု သီချင်းတစ်ပုဒ်ကို လုပ်သလိုမျိုး အချိန်ပြည့် အာရုံစိုက်မှုက နည်းသွားပြီ။ စိတ်ပါဝင်စားမှုက နည်းနေပြီ။ဘာလို့လည်း ဆိုတော့ အခြားလုပ်စရာတွေကလည်း အရမ်းများနေတယ်။ တကယ်ရှိနေတာ ၊ ဘာတွေမှန်း မသိတာကို ရှိနေတာ အရမ်းများနေတာ ။ ကိုယ့်အလုပ်လဲ မဟုတ်ဘူး။ သူများအလုပ်တွေလည်း ပါတယ်။ အဲဒီလိုမျိုး အဲဒီလိုအခြေအနေမျိုးမှာ လုပ်တဲ့သီချင်းတွေက ပေါ့လျော့သွားတယ်လို့ ကျွန်တော် ကိုယ့်ကိုကိုယ်လည်း ခံစားမိတယ်။

YOPE_  ဟုတ်ပါပြီ ။ ဒါက နံပါတ် ၅ မေးခွန်းပေါ့နော်။ အဲဒါက အစ်ကိုသာ ဂီတအစည်းအရုံးမှာ စကားတွေနဲ့ပေါ့နော်။ တေးသီချင်းတွေကို ဆင်ဆာတည်းဖြတ်ရတဲ့ အကြီးအကဲ တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အစ်ကို ဘယ်လို စာသားတွေကို ဆင်ဆာလုပ်သွားမလဲ။

JJ_ ။ ဆင်ဆာ လာတင်တဲ့သီချင်းနဲ့ သူပြောချင်တဲ့ အကြောင်းအရာနဲ့ သူ့နယ်ပယ်မှာ ကွတ်တိဖြစ်နေရင် အဲဒီအရာကို ဘယ်လိုပြောရမလဲ ကျွန်တော်အရင်ဆိုခဲ့တဲ့ ရိုင်းစိုင်းမှုတွေ တစ်စက်မှမပါဘဲနဲ့ အမှန်တရားပြောနေတယ်မှတ်လား။ အဲဒီမူအောက်က လူတွေ ။ ကြိုက်တဲ့လူထိရင်လည်း ထိမှာပဲ။ဒါပေမယ့် အဲဒီမှာ မလိုလားအပ်တဲ့ ညစ်ညမ်းမှုတွေ လျှော့ချပီးတော့ ဒီသီချင်းက တစ်ကယ်အဓိပ္ပာယ်ရှိတယ်။ တကယ်ပေးသင့်တယ်ထင်ရင် ကျွန်တော်ပေးမှာပဲ။

ဟုတ်ကဲ့ပါ။ အခုလို Yope အစီအစဉ်မှာ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags