မုံရွာတွင် ခရီးသည်တင် Express ယာဉ်မှ မူးယစ်ဆေးဝါး ၂၃ သိန်းကျော်ဖိုး ဖမ်းမိခဲ့

မုံရွာတွင် ခရီးသည်တင် Express ယာဉ်မှ မူးယစ်ဆေးဝါး ၂၃ သိန်းကျော်ဖိုး ဖမ်းမိခဲ့
ဓာတ်ပုံ- မင်းမင်းစိုး

မုံရွာ၊ ဇန်နဝါရီ ၁၉။                 ။ မုံရွာမြို့တွင် တမူး-မုံရွာ- ရန်ကုန် ခရီးသည်တင်ကားပေါ်မှ တရားမဝင် မူးယစ်ဆေးဝါး ၂၃ သိန်းကျော်ဖိုးကို ဇန်နဝါရီ ၁၈ ရက် ညသန်းခေါင်ကျော်အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်းမှ သိရသည်။

မုံရွာမြို့၊ ချင်းတွင်းတံတားအနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် တမူး-မုံရွာ- ရန်ကုန် ခရီးသည်တင်ကားအား စစ်ဆေးခဲ့ရာ ယာဉ်မောင်းထိုင်ခုံနောက်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

" ဘိန်းစိမ်းလို့ယူဆရတဲ့အရာများနဲ့ WY ၁၆၆ ပြားကို ဖမ်းဆီးရမိခဲ့ပါတယ်။ တရားမဝင် အိမ်သုံးဆေးဝါးတွေကိုလည်း ဖမ်းမိခဲ့ပါတယ်" ဟု မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ခရီးသည်တင်ယာဉ်မောင်းထိုင်ခုံ နောက်မှ ချိတ်ထားသည့်လွယ်အိတ်အတွင်းမှ ဘိန်းစိမ်းဟုယူဆရသော အနက်ရောင်အစေးနှင့် စိတ်ကြွဆေးဝါးများ စုစုပေါင်း ၂၃ သိန်းကျော်ဖိုးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ခရီးသည်တင်ယာဉ်မောင်း ၃ ဦးအား မုံရွာမြို့မရဲစခန်း မယ(ပ)၂/၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly