ပြိုင်ဘက် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုကို မက်ဆီ ချီးကျူး

ပြိုင်ဘက် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုကို မက်ဆီ ချီးကျူး

ဇန်နဝါရီ ၁၉၊ စပိန် ။             ။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ပေါ်တူဂီနှင့် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ကြီးကျယ်ခမ်းနားသည့် ကစားသမားတစ်ဦးဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြောင်း ချီးကျူး ပြောဆိုလိုက်သည်။

စီရော်နယ်ဒိုသည် ၂၀၁၆ ခုနှစ်တွင် ရီးယဲလ်နှင့် ချန်ပီယံလိဂ်ဖလားရရှိခဲ့သလို ပေါ်တူဂီအသင်းနှင့်လည်း ယူရိုဖလားရရှိခဲ့သောကြောင့် ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု(The Best award)နှင့် Ballon d’Or ဆုများကို ရရှိခဲ့သည်။

‘ဒီနေရာမှာ အပြန်အလှန်လေးစားမှုဆိုတာ ရှိပါတယ်။ စီရော်နယ်ဒိုက ကျွန်တော့်အမြင်မှာတော့ တကယ်ကို ကောင်းမွန်တဲ့ ကစားသမားကောင်းပါ။ ခမ်းနားတဲ့အောင်မြင်မှုတွေကို သူရရှိခဲ့ပါတယ်။ အဲ့ဒီလိုရရှိတာကလည်း စီရော်နယ်ဒိုဖြစ်နေလို့ပါပဲ’ ဟု မက်ဆီက ပြောသည်။

ထို့အပြင် မက်ဆီက ကိုယ့်ကိုကိုယ်မည်ကဲ့သို့ တွန်းအားပေးသည့်ဆိုသည့်အကြောင်းကို ရှင်းလင်းပြောပြခဲ့သည်။ ‘ဘာစီလိုနာနဲ့ အာဂျင်တီးနားအတွက် ဆုဖလားတွေ ရယူပေးနိုင်ဖို့နဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးလုပ်ပေးမယ်လို့ တွေးပြီး ကိုယ့်ကိုကိုယ် စိတ်ဓာတ်မြှင့်တင်ပါတယ်။

ကျွန်တော့်ရဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ ပြန်မကြည့်ပါဘူး။ ဒါတွေက ကျွန်တော်အနားယူသွားတဲ့အခါမှာ လုပ်နိုင်ပါတယ်။ ဒါကြောင့် အောင်မြင်မှုတွေ ထပ်ပြီး ရရှိဖို့ကိုပဲ ကြိုးစားပါတယ်’ ဟု မက်ဆီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly