ဒေါ်နယ်ထရန့်လက်ထက် တရားနည်းလမ်းမကျသည့် ကိစ္စရပ်များ တွေ့လာပါက ဝေဖန်ထောက်ပြသွားမည်ဟု အိုဘားမား ပြော

ဒေါ်နယ်ထရန့်လက်ထက် တရားနည်းလမ်းမကျသည့် ကိစ္စရပ်များ တွေ့လာပါက ဝေဖန်ထောက်ပြသွားမည်ဟု အိုဘားမား ပြော

ဇန်နဝါရီ ၁၉ ။               ။ ဒေါ်နယ်ထရန့် အမေရိကန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တရားနည်းလမ်းမကျသည့် ကိစ္စရပ်များ တွေ့ရှိလာရမည်ဆိုပါလျင် ဘွင်းဘွင်းရှင်းရှင်း ထုတ်ဖော်ထောက်ပြ ရှုတ်ချသွားမည်ဟု အိုဘားမားက ပြောကြားလိုက်သည်။

နိုင်ငံ၏ အဓိကစံတန်ဖိုးများ ခြိမ်းခြောက်ခံရသည့် အခြေအနေမျိုး ကြုံလာပါက ၎င်းအနေဖြင့် ဝေဖန်ထောက်ပြသွားမည်ဖြစ်ကြောင်း ရာထူးမှ ဆင်းရတော့မည့် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောသည်။

ယင်းအပြင် အထိခိုက်မခံလှသည့် အကျိုးဆက်များဆီသို့ ဦးတည်သွားစေနိုင်သော လုပ်ဆောင်မှုများကို မလုပ်ဆောင်ခင် နှစ်ခါစဉ်းစားပြီးမှ လုပ်ဆောင်ရန် ထရန့်အား အကြံပေး ပြောကြားထားကြောင်း လည်း အိုဘားမားက ပြောသည်။

တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်းပြဿနာနှင့်ပတ်သက်၍ တစ်ဘက်သက်ကျသည့် လုပ်ဆောင်ချက်များရှောင်ကြဉ်ရန် အိုဘားမားက ထရန့်ကို သတိပေးသွားခဲ့သည်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ နှင့်စပ်လျင်း၍ ထရန့်၏ လုပ်ဆောင်ပုံအပေါ် အိုဘားမားက သတိပေးသွားခဲ့ခြင်းလည်း ဖြစ်သည်။ ယခုအခါ ဒေါ်နယ်ထရန့်အနေဖြင့် အမေရိကန်သံရုံးကို Tel Aviv မှ Jerusalem သို့ ရွှေ့ရန် စီစဉ်နေသည့်ကိစ္စကို အိုဘားမားက သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly