လျှို့ဝှက်ထားခြင်း မရှိတော့သော စာမျက်နှာ၁၃သန်းရှိသည့် အချက်အလက်များအား စီအိုင်အေမှထုတ်ပြန်

လျှို့ဝှက်ထားခြင်း မရှိတော့သော စာမျက်နှာ၁၃သန်းရှိသည့် အချက်အလက်များအား စီအိုင်အေမှထုတ်ပြန်

ဇန်နဝါရီ ၁၉ ။          ။ လျှို့ဝှက်ထားခြင်း မရှိတော့သော စာမျက်နှာ၁၃သန်းခန့်ရှိသည့် စာရွက်စာတမ်း အချက်အလက်များကို အမေရိကန်ပြည်ထောင်စု ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ)မှ အွန်လိုင်းပေါ်သို့ ထုတ်ပြန်လိုက်သည်။

အဆိုပါမှတ်တမ်းအချက်အလက်များတွင် ပန်းကန်းပျံမြင်တွေ့ရခြင်းအကြောင်းများနှင့် လျှို့ဝှက်လုပ်ဆောင်ချက် များကိုစိတ်ဝင်စားသူများ နှစ်ရှည်ကြာအောင် သိချင်နေခဲ့ကြသည့် Stargate ပရိုဂရမ်မှ စိတ်တန်ခိုးစမ်းသပ် ချက်များအကြောင်းလည်းပါဝင်ကြောင်းသိရသည်။

သတင်းလွတ်လပ်ခွင့်အတွက် ထောက်ခံအားပေးသူများက စီအိုင်အေအား အချိန်ကြာမြင့်စွာ အားစိုက်ထုတ်၍ တရားစွဲဆိုခဲ့အပြီးတွင် ယခုလို အချက်အလက်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အချက်အလက်အပြည့်စုံတွင် ဖိုင်တွဲပေါင်း ၈၀၀၀၀၀ ခန့်ပါဝင်ကြောင်း သိရသည်။ ထိုအချက်အလက်များအား ယခင်က မေရီလန်းပြည်နယ်တွင်ရှိသော အမျိုးသားမော်ကွန်းတိုက်တွင် ထိန်းသိမ်း ထားခဲ့သည်။

ထိုတန်ဖိုးရှိသော အချက်အလက်များတွင် သမ္မတရစ်ချက်နစ်စင် နှင့်ဂျာရယ်ဖို့ဒ်တို့ လက်အောက်၌ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဟင်နရီကစ်စင်းဂျားအကြောင်း စာတမ်းများ ပါဝင်ပြီး ထောက်လှမ်းရေး စိစစ်ချက်များ၊ သိပ္ပံပညာစူးစမ်းလေ့လာမှုများနှင့် တီထွင်တိုးတက်မှုတို့အကြောင်း စာမျက်နှာပေါင်းသိန်းနှင့်ချီ၍ ပါဝင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly