လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွင် စာတမ်း ၄ ခု တင်သွင်း

လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွင် စာတမ်း ၄ ခု တင်သွင်း

ဘားအံ၊ ဇန်နဝါရီ ၁၉ ။             ။ ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ပြုလုပ်သည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် ကရင်တိုင်ရင်းသားများဘက်မှ စာတမ်း ၄ စောင်တင်သွင်းထားကြောင်း သိရသည်။

“ကရင်အမျိုးသားတွေစုစည်းထားတဲ့ စာတမ်းဆိုတာ ၄ခုရှိပါတယ်။ နိုင်ငံရေးဏ္ဍဆိုင်ရာအဆိုပြုစာတမ်း ဖက်ဒရယ်တည် ထောက်တဲ့နေရာမှာ အခြေခံတဲ့သဘောထားတွေကိုလည်း တင်ပြမှာဖြစ်တယ်။   နောက်တစ်ခုကတော့ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေး စီမံခန့်ခွဲရေးစာတမ်း။ ပြီးလို့ရှိရင် လူမှုရေးသက်ဆိုင်ရာစာတန်း၊ ပြီးလို့ရှိရင် စီးပွားရေးဆိုင်ရာ ကဏ္ဍစာတမ်း" ဟု ကရင်အမျိုးသားအစည်းရုံး(KNU) အတွင်းရေးမှူး စောကွယ်ထူးဝင်းက မဇ္ဈိမသို့ပြောသည်။

အဆိုပါစာတမ်းများကို ဆွေးနွေးပွဲစတင်သည့် ဇန်နဝါရီ ၁၈ ရက်တွင် တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင်ဆွေးနွေးကြမည်ဖြစ်သည်။

လုံခြုံရေးနှင့် ကာကွယ်ရေးနှင့်သက်ဆိုင်သည့်စာတမ်းများကိုမှု ယခုဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခြင်းမရှိပေ။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး KNU၏ အထွေထွေ အတွင်းရေးမှူး မန်းငြိမ်းမောင်က “လုံခြုံရေးဏ္ဍကတော့ ကျွန်တော်တို့ဆီမှာ မဆွေးနွေးဘူး။ အင်မတန်မှ နက်ရှိုင်းတယ်။

ကျယ်ပြောတဲ့အတွက် ပြည်ေထောင်စုအဆင့်မှာဆွေးနွေးဖို့ သဘောထား ပြုထားတယ်" ဟုပြောဆိုသည်။

လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ကရင်ပြည်နယ်)ကို ဘားအံမြို့ သိရီဘားအံ ဟိုတယ်တွင် ဇန်နဝါရီ ၁၈ မှ ၂၀ အထိ ၃ရက်ကြာပြုလုပ်မည် ဖြစ်သည်။

ဆွေးနွေးပွဲရလဒ်များကို ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ (UPDJC) တွင် အတည်ပြုကာ ၆ လတစ်ကြိမ် ပင်လုံညီလာခံတွင် ဆွေးနွေးတင်ပြသွားမည် ဖြစ်သည်။

ကရင်ပြည်နယ်တွင် လူမျိုးအခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲ၊ တနင်္လာရီတိုင်းတွင် ဒေသအခြေခံတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် နေပြည်တော်တွင် CSO ဖိုရမ်တွေကို ဇန်နဝါရီလမကုန်မှီ ပြီးအောင်လုပ်နိုင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်မှသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly