ဒီပေးကို ရောင်းချဖို့တွက် လိုင်ယွန်နဲ့ မန်ယူတို့ သဘောတူညီမှု ရရှိ

ဒီပေးကို ရောင်းချဖို့တွက် လိုင်ယွန်နဲ့ မန်ယူတို့ သဘောတူညီမှု ရရှိ
(ဓာတ်ပုံ - အီးပီအေ)

မန်ယူအသင်းက ဒီပေးကို ရောင်းချဖို့တွက် ပြင်သစ်ကလပ် လိုင်ယွန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

ဒီပေးရဲ့ ပြောင်းရွှေ့ကြေးမှာ လိုင်ယွန်အသင်း ချန်ပီယံလိဂ် ဝင်ရောက်နိုင်ပါက စာချုပ်သစ် ထပ်ချုပ်မှာဖြစ်ပြီး ထပ်ဆောင်းအပိုကြေးအပါအဝင် ပေါင် ၁၆ သန်းမှ ပေါင် ၂၁.၇ သန်းထိ မြင့်တက်လာနိုင်ကြောင်း သိရှိရပါတယ်။

မန်ယူက ဒီပေးအတွက် ပြန်လည်ဝယ်ယူခွင့်နှင့် ရောင်းချခွင့်ကိုပါ သဘောတူညီမှု ရရှိခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် နယ်သလန်တိုက်စစ်မှူး ဒီပေးဟာ ၂၀၁၅ ခုနှစ် မေလက PSV အသင်းမှ မန်ယူအသင်းဆီ ပေါင် ၃၁ သန်း (ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း)နဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း အသင်းနဲ့ ၅၃ ပွဲကစားရာမှာ ၇ ဂိုး သွင်းခဲ့ပါတယ်။

ဒီပေးဟာ လိုင်ယွန်ကို ပြောင်းရွှေ့ဖို့အတွက် ကြာသပတေးနေ့မှာ ဆေးစစ်ခံယူဖို့ ရှိပါတယ်။

ဒီရာသီ နည်းပြမော်ရင်ဟို လက်အောက်မှာ  ဒီပေးဟာ မန်ယူအတွက် ၈ ပွဲသာ ကစားထားရသူဖြစ်ပြီး နောက်ဆုံးကစားထားချိန်ကတော့ နိုဝင်ဘာ ၂၄ ရက်က ယူရိုပါလိဂ်မှာ ဖီယင်နုနဲ့ ပွဲဖြစ်ပါတယ်။

မန်ယူအသင်းက ရှနိုက်ဒါလင်ကို အဲဗာတန်အသင်းထံ ရောင်းချခဲ့ပြီးနောက်မှာ ဒီပေးမှာလည်း ဇန်နဝါရီကာလအတွင်း အသင်းက ရောင်းချတဲ့ ဒုတိယကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

Ref; BBC, Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly