ရာသီအကုန်မှာ အလွန်ဆို ကစားသမားဘဝမှ နားယူဖွယ်ရှိဟု သတင်းများက ဖော်ပြ

ရာသီအကုန်မှာ အလွန်ဆို ကစားသမားဘဝမှ နားယူဖွယ်ရှိဟု သတင်းများက ဖော်ပြ
(ဓာတ်ပုံ - အီးပီအေ)

ဇာဗီအလွန်ဆိုဟာ ယခုရာသီအကုန် ဘိုင်ယန်မြူးနစ်နဲ့ လက်ရှိ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်မှာ ၎င်းရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိမ့်မယ်လို့ ဂျာမန်အားကစားမဂ္ဂဇင်း Sport Bild က ဖော်ပြခဲ့ပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အလွန်ဆိုက ၎င်းရဲ့ စာချုပ်ကို သက်တမ်းတိုးလိုခြင်းမရှိဘူးလို့ ဆောင်းရာသီအနားပေးချိန်တုန်းက ပြောဆိုခဲ့ကြောင်း အဆိုပါမဂ္ဂဇင်းက ထုတ်ဖော်ရေးသားထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ရီဘာရီနဲ့ ရော်ဘင်တို့လို အလွန်ဆိုရဲ့ စာချုပ်ကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့ စီစဉ်ခဲ့ပါတယ်။

ဘိုင်ယန်အသင်းကတော့ ကစားသမားရဲ့ ဆန္ဒကို ပြန်စဉ်းစားစေလိုပြီး အသင်းက မိမိကစားသမားကို စာချုပ်သက်တမ်းတိုးဖို့ အလိုရှိနေတယ်လို့ ဆိုပါတယ်။

အလွန်ဆိုဟာ ဘိုင်ယန်ကနေထွက်ခွာပြီး ကစားသမားဘဝ အဆုံးသတ်ခဲ့ပါက လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်း သူဟာ လီဗာပူးနှင့် ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားနှင့် ယူရိုဖလားတွေအပါအဝင် ဆုဖလားများစွာကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly