အမေရိကန် သမ္မတဟောင်းဖြစ်သူ ဂျော့အိချ်ဒဗလျူဘုရှ်ကို ဆေးရုံတင်ထားရ

အမေရိကန် သမ္မတဟောင်းဖြစ်သူ ဂျော့အိချ်ဒဗလျူဘုရှ်ကို ဆေးရုံတင်ထားရ

ဝါရှင်တန် ၊ ဇန်နဝါရီ ၁၈။             ။ အမေရိကန်သမ္မတဟောင်းဖြစ်သူ ဂျော့အိချ်ဒဗလျူဘုရှ်ဟာ ဟော့စ်တွန်ရှိဆေးရုံသို့ထပ်မံတင်ထား ရကြောင်း ဒေသတွင်းမီဒီယာများက ယနေ့ဗုဒ္ဓဟူးနေ့တွင် သတင်းပို့ခဲ့ကြသည်။

အသက်၉၂နှစ်အရွယ်ရှိပြီဖြစ်သော ဘုရှ်ဟာနာမကျန်းဖြစ်နေတာကြာပြီဖြစ်သော်လည်း အခြေအနေကောင်းမွန် ကြောင်းနှင့်ကျန်းမာသေးကြောင်း သူ၏ကျန်းမာရေးအခြေအနေများကို မကြာမကြာ မျှဝေပေးသည့် ဝန်ထမ်း ခေါင်းဆောင် ဂျင်းဘက်ကာ က Houston Chronicle သို့ပြောခဲ့သည်။

သမ္မတဟောင်းတစ်ယောက်ဖြစ်သူဘုရှ်ဟာ ဟော့စ်တွန်ဆေးရုံသို့ တက်ရောက်နေရပြီး မကြာသေးခင် ရက်ပိုင်းများတွင် နေအိမ်သို့ပြန်နိုင်မည်ဟု မျှော်လင့်ရသည်။

သို့သော်လည်း သူဆေးရုံသို့ တက်ရသည့်အဓိက အကြောင်းရင်းကို တော့လက်ရှိအချိန်အထိ မသိရသေးကြောင်း ဒေသတွင်း CBS သတင်းမှ ပြောကြားသည်။

အသက်ရှင်နေထိုင်နေသေးသော သမ္မတဟောင်းလေးဦးထဲတွင် အသက်အကြီးဆုံးဖြစ်သူ ဘုရှ်ဟာ ၁၉၈၉ မှ ၁၉၉၃ခုနှစ်အထိ အမေရိကန်သမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး မကြာသေးခင်တုန်းက လူမြင်ကွင်းသို့ လာရောက်စဉ်တုန်းက ဘီးတပ်ကုလားထိုင်ကို အသုံးပြုကာသွားလာနေရပြီး အားနည်းနေပုံပေါက်သည်ကို မြင်တွေ့ခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly