အကျင့်ပျက်ခြစားမှု ကိစ္စနှင့် ပတ်သက်ကာ စုံစမ်းစစ်ဆေးခံနေရသော Samsung အကြီးအကဲကို ဖမ်းဆီးရန် သင့် မသင့် တောင်ကိုရီးယား တရားရုံး ဆုံးဖြတ်သွားမည်

အကျင့်ပျက်ခြစားမှု ကိစ္စနှင့် ပတ်သက်ကာ စုံစမ်းစစ်ဆေးခံနေရသော Samsung အကြီးအကဲကို ဖမ်းဆီးရန် သင့် မသင့် တောင်ကိုရီးယား တရားရုံး ဆုံးဖြတ်သွားမည်

ဇန်နဝါရီ ၁၈ ။                   ။ သမ္မတကိုယ်တိုင်ပါ စွပ်စွဲပြစ်တင်ခံရသည်အထိ လှုပ်ခတ်သွားခဲ့သော တောင်ကိုရီးယား အကျင့်ပျက်ခြစားမှု ကိစ္စကို ယခုအခါ သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေလျက်ရှိပြီး ယင်းကိစ္စနှင့်ပတ်သက်၍လည်း နိုင်ငံတွင် အကြီးဆုံးစီးပွားရေးလုပ်ငန်းစု Samsung ၏ အကြီးအကဲကိုပါ ခေါ်ယူမေးမြန်းစစ်ဆေးနေလျက်ရှိသည်။

ယခုအခါ လာဘ်ပေးလဘ်ယူ ကိစ္စရပ်များ ကျူးလွန်ထားသည်ဆိုသည့် စွဲချက်ဖြင့် စုံစမ်းမေးမြန်းခံနေရသော Samsung လုပ်ငန်းစု အမွေဆက်ခံမည့်သူဖြစ်သောကုမ္ပဏီ ဒုဥက္ကဌ Lee Jae-yong ကို ဖမ်းဆီးမည်လားဆိုသည်ကို သုံးသပ်ဆုံးဖြတ်ရန် တရားရုံးကြားနာမှုတစ်ခုကို ပြုလုပ်နေခဲ့သည်ဟု သိရသည်။

ယင်းမတိုင်ခင်က Lee Jae Yong အား ဖမ်းဝရန်း ထုတ်ရန် လွတ်လပ်သော ရှေ့နေအဖွဲ့တစ်ခုက ဦးဆောင်တောင်းဆိုထားခဲ့သည်ကိုလည်း တွေ့ရသည်။

သမ္မတ ပက်ဂွန်ဟေး စွပ်စွဲပြစ်တင်ခံထားရသည့် ယင်းကိစ္စတွင် Samsung လုပ်ငန်းစု အကြီးအကဲလည်း တစ်ထောင့်တစ်နေရာက ပါဝင်ပတ်သက်နေသည်ဆိုကာ စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်ထားပြီး ၎င်းကို ဖမ်းဆီးရန် သင့်မသင့်ကိုပါ သက်ဆိုင်ရာ တရားရုံးက ဆုံးဖြတ်ထုတ်ပြန်တော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly