ကြေးနီစီမံကိန်းမှ သိမ်းထားသော မြေကိစ္စ ကုမ္ပဏီနှင့်တွေ့ဆုံဖြေရှင်းရန် ဒေသခံများတောင်းဆို

ကြေးနီစီမံကိန်းမှ သိမ်းထားသော မြေကိစ္စ ကုမ္ပဏီနှင့်တွေ့ဆုံဖြေရှင်းရန် ဒေသခံများတောင်းဆို
ဓာတ်ပုံ-ယမားချောင်းအားတွေ့ရစဉ်(ဓာတ်ပုံ-Aung Myint Myat)

မုံရွာ၊ ဇန်နဝါရီ ၁၈။            ။ ကြေးနီစီမံကိန်းမှ သိမ်းဆည်းထားသော မြေယာကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီတာဝန် ရှိသူများနှင့်တွေ့ဆုံရန် ဇန်နဝါရီ ၁၈ ရက်က ဒေသခံများက တောင်းဆိုခဲ့ကြသည်။

ယခုလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံရန် စာတင်တောင်းဆိုခဲ့ကြပြီး ဒေသခံများက လာရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

"ဒီကြားထဲမှာ တစ်ခုခုအကြောင်းမပြန်ခဲ့ဘူး ဆိုရင် သတ်မှတ်ထားတဲ့ရက်မှာ ဒေသခံ တွေ သွားတွေ့မယ်။ တွေ့ခွင့်မရမချင်း မပြန်ဘူး။ မတွေ့မချင်း ရက်ကြာသလောက် တွေ့ခွင့်တောင်းနေမှာပဲ"ဟု ကံကုန်းကျေးရွာဒေသခံ ကိုတင့်အောင်စိုးက မဇ္ဈိမသို့ ပြောသည်။

သက်မှတ်ထားသည့်ရက် နံနက် ၉ နာရီအချိန်တွင် ဒေသခံတောင်သူ ၃၀၀ ကျော်မှ သွားရောက်ကြမည်ဖြစ်ပြီး တွေ့ခွင့်မရပါက ကုမ္ပဏီရှေ့တွင်သာ ညအိပ်စောင့်စားကာ တွေ့ခွင့်ထပ်မံတောင်းဆို ကြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စံပယ်တောင်၊ ကြေးစင်တောင်တွင် ကြေးနီထုတ်လုပ်နေသော မြန်မာယန်စီကုမ္ပဏီမှ ဇန်နဝါရီ ၁၂ ရက်ကလည်း ယမားချောင်းအတွင်းသို့ ရေဆိုးများဖောက်ချခဲ့ကြောင်း သိရသည်။

ယခုရာသီသည် ယမားချောင်းအတွင်း မြေနုကျွန်းပေါ်တွင် ကြက်သွန်စိုက်ရာသီ ဖြစ်သည့်အတွက် ချောင်းရေကိုခပ်ယူသုံးစွဲကြရသည်ဟု ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly