အောင်မြင်တဲ့ အွန်လိုင်းစျေးဆိုင် ဦးဆောင်တည်ထောင်သူ ဒေါ်ခင်အိအိတင်

18 January 2017
အောင်မြင်တဲ့ အွန်လိုင်းစျေးဆိုင် ဦးဆောင်တည်ထောင်သူ ဒေါ်ခင်အိအိတင်

လူမှုကွန်ရက် အွန်လိုင်းပေါ်တင်ပြီး ဈေးရောင်းကြတယ်ဆိုတာကတော့ လူမှုကွန်ရက် သုံးစွဲသူတွေနဲ့ ရင်းနှီးမှု ရှိပါတယ်။ ဒါပေမယ့် ဒေါ်ခင်အိအိတင်ကတော့ လူမှုကွန်ရက်ပေါ်မှာ အမျိုးသမီးတွေပဲ ပါဝင်တဲ့ လျှို့ဝှက်အဖွဲ့တစ်ဖွဲ့ တည်ဆောက်ပြီး အဖွဲ့ဝင် အမျိုးသမီးတွေအချင်းချင်း အရောင်းအဝယ် ပြုလုပ်နိုင်အောင် ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ အရင်းအနှီးမရှိလို့ စီးပွားရေး မလုပ်နိုင်တဲ့ အမျိုးသမီးတွေ အိမ်မှာနေရင်း စီးပွားရေးလုပ်ချင်တဲ့ အမျိုးသမီးတွေလည်း ပါဝင်ကြပါတယ်။

Facebook ကို အသုံးပြုရင်းနဲ့ လူမှုဘဝများ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးများနဲ့ ဝင်ငွေရှာချင်တဲ့ အမျိုးသမီးတွေအတွက် အရမ်း အကျိုးရှိတဲ့ Online Business Group များကို တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီအဖွဲ့မှာ ဦးဆောင်နေတဲ့ ဒေါ်ခင်အိအိတင်က  အဲဒီအဖွဲ့အကြောင်း အခုလိုစတင်ပြီး ရှင်းပြပါတယ်။

ဒေါ်ခင်အိအိတင်

အမမှာ Group သုံးခုရှိတယ်။ က ကလေးငယ်ချစ်စဖွယ် ကလေးနဲ့ပတ်သက်တာချည်းပဲ၊ OGY တကယ့် စီးပွားရေးနဲ့ ပတ်သက်တဲ့ စီးပွားရေး ဈေးကွက်တစ်ခု၊ တစ်မယ်ကောင်း တစ်မယ်ကောင်းကနေပြီးတော့ အမက ဘယ်လို စင်တင်ပေးရလဲဆိုတော့ ဒီအမျိုးသမီးတွေ ဟင်းချက်ပြီးတော့ရောင်း၊ ကိုယ့်အိမ်မှာ မီးဖိုချောင်က ထွက်တဲ့ပစ္စည်းတွေကို ရောင်းရတာ။ ဒီလိုသုံးခုကို လုပ်တယ်။

မဇ္ဈိမ

မခင်အိအိတင်ဟာ အိန္ဒိယနိုင်ငံမှာ Women Empowerment Through Enterprises နဲ့ ပတ်သက်တဲ့ စကော်လာကို တက်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာပြည်ကို ပြန်ရောက်တဲ့အချိန်မှာ အွန်လိုင်းဈေးကွက်တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း လက်ရှိ ကိုယ်ဝန်ဆောင်နေရတဲ့အချိန် လက်ရှိအလုပ်ကိုလည်း ရပ်နားထားရတဲ့အချိန်မှာ အိမ်တွင်းအောင်းနေတဲ့ အခြားအမျိုးသမီးတွေအနေနဲ့ ကိုယ်ပိုင်ဝင်ငွေလေး ရရှိစေဖို့ အိမ်တွင်း အကြမ်းဖက်ခံရမှုများမှ ကင်းဝေးစေဖို့ ဆိုတာတွေက သူမအနေနဲ့ OGYs ကို တည်ထောင်ဖြစ်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်တွေပါပဲ။

ဒေါ်ခင်အိအိတင်

Women Empowerment ကို ဘယ်ကနေ ဘယ်လို စလုပ်မလဲဆိုတာကို အမက တွေးတယ်။ တွေးတာမှ အမျိုးသမိးတွေမှာက ကိုယ်ပိုင်ငွေကြေးဆိုတာက မရှိဘူး။ အဓိကကတော့ ယောကျ်ားရှာတဲ့ပိုက်ဆံကို မိန်းကလေးတွေက သိမ်းတာပဲ ရှိတာလေ။ အဲတော့ ကိုယ်ပိုင်ငွေကြေးမရှိတဲ့ မိန်းမတစ်ယောက်က အလုပ်လုပ်မယ်ဆိုလို့ရှိရင် ယောကျ်ားရဲ့ငွေကြေးကို ယူပြီးတော့ အလုပ်လုပ်ရမယ်။ အလုပ်လုပ်တဲ့အခါကျရင် အဲဒီငွေကြေးက ဆုံးရှုံးမယ်၊ ဖြစ်နိုင်တာတွေကို ပြောတာပါ။ မဆုံးရှုံးဘူးဆိုတာတောင်မှ ကိုယ့်စီမှာ Stop တွေ အများကြီး ကျန်လာရင်တောင်မှ ဆုံးရှုံးသလိုပဲ။

ဒါမျိုးတွေ ဖြစ်လာလို့ရှိရင် အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အဲဒီကနေစတာ။ အဓိက ဘယ်သူက အကြမ်းဖက်မလဲ၊ ယောက်ျားက အကြမ်းဖက်မယ်၊ သူ ဒီအလုပ်လုပ်ဖို့အတွက် ပိုက်ဆံမရှိဘူး၊ အပြင်ကနေယူမယ်၊ ဘယ်သူက အကြမ်းဖက်မလဲ၊ အပြင်က ယူတဲ့လူက အကြမ်းဖက်မယ်၊ အဲလို အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုရင်တော့ အဲဒါကို ဘယ်လိုလုပ်မလဲ၊ စဉ်းစားတဲ့အခါမှာ အမ ဘာကိုသွားတွေ့သလဲဆိုတော့ ဒို့ိ့အိမ်မှာ ပိုနေတဲ့ပစ္စည်းတွေက အများကြီးပဲ၊ အမ ပိုနေတယ်လို့ ယူဆပြီး ပစ်ထားတဲ့ပစ္စည်းတွေက ညီမလိုနေတယ်၊ အဲတော့ ပိုနေတဲ့လူနဲ့ လိုနေတဲ့လူကို အမက ချိတ်ပေးလိုက်တာ။ ချိတ်ပေးတဲ့အခါမှာ သူတို့က အရင်းအတွက် ပိုက်ဆံရမယ်။

မဇ္ဈိမ

OGYs မှာ အရည်အချင်းရှိပြီး အရင်းအနှီးမရှိလို့ လုပ်ငန်းမလုပ်နိုင်တဲ့ အမျိုးသမီးတွေကို မြင်တွေ့လာရတာတွေ များလာတဲ့နောက်ပိုင်းမှာတော့ မခင်အိအိအနေနဲ့ သူတို့တွေကို   မြေလောင်းပေါင်းသင်   မြှောက်ပေးနိုင်ဖို့အတွက်ပါ ပိုမို စိတ်အားထက်သန်လာပါတော့တယ်။

ဒေါ်ခင်အိအိတင်

သူတို့မှာရှိတဲ့ အရည်အချင်းတွေကို အမက ဖော်ထုတ်ချင်တာ။ ဘယ်လိုမျိုးလဲဆိုတော့ ညီမတို့ တွေ့ပါလိမ့်မယ် အဲဒီမှာ Group ထဲမှာ ရောင်းတာလေ Dream Culture လေးတွေ ရောင်းတာတို့ အိင်္ကျီချုပ်ပေးမယ် တစ်ထည်ကို ဘယ်လောက် သူက အိမ်ထိ ကိုယ်လာတိုင်းမယ်၊ ပြီးလို့ရှိရင် အဲဒါကို သူ ပြန်လာပို့ပေးမယ်၊ အဲလိုမျိုးပေါ့ အဲဒါနဲ့ သူတို့က အရင်းငွေကြေးတွေ ရှာကြတယ်။ ရှာပြီးတော့ သူတို့ကလည်း ဘယ်လိုပြန်ဝေမျှလည်းဆိုတော့ ဒီသင်တန်းတွေ ပြန်ဖွင့်ပေးမယ် အလကား၊ တစ်ယောက်နဲ့တစ်ယောက် လက်တွဲပြီးတော့ ခေါ်သွားတာပေါ့။

မဇ္ဈိမ

အွန်လိုင်း Shopping ဖြစ်နေတဲ့အတွက်ကြောင့် မကြာခဏဖြစ်နေတတ်တဲ့ ပြဿနာ အရှုပ်အရှင်းကိစ္စတွေကိုလည်း ဒေါ်ခင်အိအိတင်က အခုလို ရှင်းပြပါသေးတယ်။

ဒေါ်ခင်အိအိတင်

အွန်လိုင်း Business ဆိုတာကတော့ တကယ်တမ်းကျတော့ မျက်ကန်းတစ္ဆေမကြောက်ပေါ့ အမတို့ အပြင်မှာတောင် ရောင်းမှားဝယ်မှားဆိုတာရှိတယ် ဒီထဲမှာလည်း အများကြီးရှိတယ်။ အဲဒါတွေကို ငါက ဝယ်သူပဲ ငါလိုချင်တာမရဘူး အဲတော့ ငါ ဒီထဲမှာ တက်ပြီးတော့ ဆဲလိုက်မယ်၊ မရဘူး အဲဒါဆိုလို့ရှိရင် အမတို့က အမတို့ Group ထဲကနေ ဖယ်လိုက်တယ်။ အမတို့ကို မလေးစားဘူးလို့ သတ်မှတ်လိုက်တယ်။

နောက် ရောင်းတဲ့သူ၊ ရောင်းတဲ့သူကလည်း ငါရောင်းတဲ့သူပဲ ငါက ဘယ်လောက်တန်ကြေးရှိတဲ့ဟာ ရောင်းထားတာ၊ နင်တို့ ဝယ်နိုင်လို့လား မရဘူး အဲလိုပဲ မဲတွေဘာတွေ ဖောက်တယ်ဆိုရင်လည်း နင်တို့က ဝယ်တဲ့သူမဟုတ်ပဲနဲ့ ဒီမဲကို လာတန်းမစီနဲ့ မရဘူး အမတို့မျက်စိထဲမှာ ဒီ အယောက် ၅၀၀၀၀ လုံးသည် ရုပ်ရှင်မင်းသားပဲဖြစ်ဖြစ် မင်းသမီးပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အမ အကုန်လုံးကို   လေးလေးစားစား ဆက်ဆံတယ်။ ဒါပေမယ့် သူတို့အားလုံးဟာ Gropu ရဲ့ Member တွေဖြစ်တယ်။

မဇ္ဈိမ

OGYs ဖွဲ့အနေနဲ့ အဖွဲ့ဝင်မန်ဘာဝင်များဆီမှာ လစဉ်ကြေး ကောက်ခံရန်မှာ ရှိခဲ့ဖူးပြီး အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အငြင်းပွားမှုလေးတွေလည်း ကြုံတွေ့ခဲ့ရဖူးတယ်လို့ သူမက ပြောပါတယ်။

ဒေါ်ခင်အိအိတင်

အမတို့ Group ကလူတွေ တော်တော်များများက လေဆိပ်မှာ တော်တော်များများ အခွန်ဆောင်ပြီး ဝင်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမတို့က ပညာပေးအကျူကိတ် လုပ်ထားတာ အခွန်ဆောင်ရမယ်ဆိုတဲ့ သူတို့ အသိတွေပေးထားတယ်။ ပေးထားတဲ့အတွက်ကြောင့် သူတို့က လေဆိပ်မှာ အခွန်ဆောင်ပြီးတော့မှ ဝင်လာတယ်။ ဒီအတိုင်း ဝင်လာတာမျိုး အင်မတန်မှ ရှားတယ်။ အမတို့ Group က ထွက်သွားသူမှန်သမျှကလည်း အခွန်ဆောင်ပြီးတော့ ဝင်လာတယ်။ အဲလိုလုပ်ထားတဲ့သူတွေ ဒါပေမယ့် ၅၀၀၀ ကောက်မယ်လည်းဆိုရော နည်းနည်း ပွစိပွစိ ဖြစ်လာရော။ တစ်လကို ၅၀၀၀ ဆိုတဲ့ ပမာဏက အင်မတန်မှ နည်းပါတယ်။ ဒါပေမယ့် သူတို့ကို ပေါင်းလိုက်ရင်တော့ အင်မတန် များပြားတဲ့ ပမာဏဖြစ်လာမယ်။ ဖြစ်လာလို့ရှိရင် အမတို့က အဲဒီပိုက်ဆံနဲ့ ဒီမြန်မာပြည်က လူအများစု သိထားတဲ့ SME ဆိုတာ ချေးငွေပဲ သိထားတာ၊ အဲဒါကို ပြန်ချေးပေးလိုက်မှာ။ ပြန်ချေးပေးလိုက်တဲ့အခါမှာ အမက ရှင်းပြတယ်။ ဒီမှာရတဲ့ ၁၀၀ ကို ဒီမှာ ၁၀၀ လုံး အမတို့က ပုံပေးလိုက်လို့ ဖြစ်နိုင်မလား။ ဒီမှာရတဲ့ ၁၀၀ ကိုကောက်မှာ ဒီမှာ ၁၀၀ ကို ပုံပေးလို့ မဖြစ်နိုင်ဘူး။ အဲဒါမျိုးလေး ရှင်းပြတယ်။ အမတို့ကလည်း စာရင်းနဲ့ဘာနဲ့ လုပ်တတ်တဲ့သူတွေပါပဲ။ ဒါပေမယ့် ဘာလိုသွားလဲဆိုတော့ SME ရဲ့ သဘာဝကို အမတို့အများကြီး ရှင်းပြ ပညာပေး လုပ်ရဦးမယ်။

မဇ္ဈိမ

အခုဆိုရင် OGYs မှာ Members ဝင် ငါးသောင်းကျော်တောင် ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ Online Business အနေနဲ့လည်း ရပ်တည်နိုင်နေပြီ ဖြစ်ပါတယ်။ ဒီအထဲက အဖွဲ့ဝင်တွေကလည်း အဆင်ပြေသလို စုစည်း တွေ့ဆုံကြပြီး အချင်းချင်း အတွေ့အကြုံတွေ ဖလှယ်ကြ အရောင်းအဝယ်တွေ ပြုလုပ်ကြနဲ့ စည်းလုံးတဲ့ အွန်လိုင်း စီးပွားရေးတစ်ခုအနေနဲ့လည်း လူသိများလာကြပြီး ဖြစ်ပါတယ်။

ဒေါ်ခင်အိအိတင်

အမတို့ Group စထူထောင်လာပြီ။ အောင်မြင်လာပီ လူက ထောင်ချီလာပြီ သောင်းဂဏန်းလောက် ကပ်လာပြီ။ တစ်လနှစ်လလောက်အတွင်းကို အရမ်းကို အောင်မြင်လာပြီ   အောင်မြင်လာပြီ ဆိုတဲ့အခါမှာ အမက စဉ်းစားတယ်။ ထွက်စထက် ဘယ်လိုတည်ထောင်မလဲ တစ်ယောက်နဲ့တစ်ယောက်က မမြင်ဖူးဘူးလေ။ မမြင်ဖူးတော့ အမက Member Day လုပ်တယ်။ အဲလိုလုပ်တဲ့အခါမှာ ညီမတို့ မိတ်ဆက်ချင်တဲ့ ပစ္စည်းလေးတွေကို ယူလာခဲ့။ ဒါမှမဟုတ်ရင် လက်ဆောင်ပေးချင်တဲ့ ပစ္စည်းမျိုးကို ယူလာခဲ့၊ ဥပမာ တစ်ယောက်က ကြက်ဆီထမင်းရောင်းတယ်၊ အဲဒီ ကြက်ဆီထမင်း   ရောင်းချင်ရင်လည်း ယူလာခဲ့၊ ကြွေးချင်ရင်လည်း ယူလာခဲ့ အဲဒီနေ့မှာ အမတို့ ဆုံကြတယ်။ ဝယ်တဲ့သူတွေကလည်း လာကြတယ်။ ရောင်းတဲ့လူတွေကလည်း လာကြတယ်။ လာပြီးလို့ရှိရင် ဟိုက ကြက်ဆီထမင်း ချကြွေးလိုက်တယ်၊ ကြိုက်လား၊ ဝယ်စားသွားတယ် အဲတော့ သူ့မှာပါလာတဲ့ အထုတ် ၁၀၀ လည်းကုန်သွားတယ်၊ ၂၀၀ လည်းကုန်သွားတယ်။ အဲဒီမှာ ရောင်းတဲ့သူအပေါ်မှာ ယုံကြည်သွားပြီ အဲဒီ ရောင်းတဲ့သူကလည်း ဒီလူ ဒီလူ ဝယ်တဲ့သူ ယုံကြည်သွားပီ။

မဇ္ဈိမ

အခုလိုအောင်မြင်တဲ့ အွန်လိုင်း စီးပွားရေးတစ်ခုကို တည်ထောင်နိုင်ခဲ့တဲ့ အမျိုးသမီးဟာ တစ်ချိန်က တက္ကသိုလ်က ဆရာမတစ်ယောက်ပါ။

ဒေါ်ခင်အိအိတင်

အမ ဆယ်တန်းအောင်တယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်တယ်။ ဒါက ရိုးရိုးရှင်းရှင်းပဲ။ ကျောင်းတွေပိတ်တယ်၊ အဲဒီအခါကျတော့ အမ ဘာအလုပ်မှ လုပ်စရာမရှိဘူး လုပ်စရာ မရှိတဲ့အခါကျတော့ အမ ဘာသွားတက်လဲဆိုတော့ NCC , ITTS ဒီပလိုမာ သွားတက်တယ်။ LCCI ဖြေတယ်။ Level 3 အထိအောင်တယ်။ ပြီးတော့အခါကျတော့ ရုံးပိုင်းဆိုင်ရာတစ်ခုမှာ အမဝင်တယ်။ အရမ်းအကြာကြီးတော့ မလုပ်ဖြစ်ခဲ့ဘူး။ အဲဒီကနေ ထွက်လိုက်တယ်။ ပြီးတော့ မာစတာ မြန်မာစာတက်တယ်။ အဲဒီကနေ တက္ကသိုလ်က ဆရာမ ဖြစ်တယ်။ တောင်ငူမှာ ဆရာမအဖြစ်နဲ့လုပ်တယ်။ အကြာကြီးပဲ လုပ်ဖြစ်တယ်။ အဲဒီကနေ ၂၀၀၉ မှာ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကလည်း ကျတယ် ကျတဲ့အခါမှာ အမအမျိုးသားနဲ့ အမနဲ့ကလည်း ၁၀ နှစ်လောက်ကွာတယ်။ အဲဒီအခါကျတော့လည်း အိမ်ထောင်ရေးကိုပဲ ထူထောင်တော့မယ်ဆိုပြီး အလုပ်ထွက်လိုက်တယ်။ ထွက်တဲ့အချိန်မှာ ဝင်ငွေမရှိတော့ အမရဲ့ Feel ပေါ့ အဲဒီ Feel ကို ခံစားတတ်တဲ့ အတွက်ကြောင့်မို့ အမျိုးသမီးတွေအပေါ်မှာ စာနာတာ။ စာနာလို့ အမက လုပ်ပေးတာ။ ကိုယ်ချင်းစာတဲ့ သဘောတရားက ခံစားဖူးမှ သိတာ။

မဇ္ဈိမ

လက်ရှိမှာတော့ ရတနာလုပ်ငန်းကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေပြီး OGYs ထဲမှာလည်း ဝင်ရောက် ပြသ ရောင်းချလျက် ရှိပါတယ်။ သားတစ်ယောက်ရဲ့ မိခင်လည်းဖြစ်ပြီး လင်ယောကျ်ားအပေါ်မှာလည်း သိတတ်တဲ့ မခင်အိအိတင်ဟာ အိမ်ထောင့်တာဝန်ကိုလည်း ကျေပွန်စွာ ထမ်းရွက်နေတဲ့အပြင် မိမိတည်ထောင်ခဲ့တဲ့ OGYs အတွက်လည်း သူမရဲ့ အချိန်တွေကို ဖဲ့ပေးလျက် ရှိပါတယ်။

     အခု မိတ်ဆက်ပေးခဲ့တဲ့သူကတော့ အမျိုးသမီးကတော့ Facebook ကို အသုံးပြုရင်းနဲ့ လူမှုဘဝများ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးများနဲ့ ဝင်ငွေရှာချင်တဲ့ အမျိုးသမီးတွေအတွက် အရမ်း အကျိုးရှိတဲ့ Online Business Group များကို တည်ထောင်ခဲ့သူ မခင်အိအိတင်ရဲ့ အကြောင်း တစေ့တစောင်းပဲ ဖြစ်ပါတယ်။ရှင့်။ ကြည့်ရှုအားပေးတဲ့ ပရိသတ်ကြီးကိုလည်း   ကျေးဇူးတင်ရှိပါတယ်။  

နောက်ထပ်လည်း ပရိသက်ကြီးအတွက် အခြား အကျိုးရှိစေမယ့် အကြောင်းအရာတွေကိုလည်း တင်ဆက်ပေးသွားဦးမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly