တရားမဝင်သစ်ဖမ်းဆီးနေစဉ် သစ်တင်ကား ပြန်လည် လုခံရ

တရားမဝင်သစ်ဖမ်းဆီးနေစဉ် သစ်တင်ကား ပြန်လည် လုခံရ

မုံရွာ၊ ဇန်နဝါရီ ၁၈။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် တရားမဝင်သစ်သယ်ဆောင်လာသူများအား ဖမ်းဆီးနေစဉ် သစ်တင်ကားပြန်လည် လုယက်ခံရခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးုံးမှ သိရသည်။

ဖြစ်စဉ်မှာ ပုလဲမြို့နယ်၊ အုန်းမွန်တောကျေးရွာအနီး လမ်းပေါ်တွင် ဇန်နဝါရီ ၁၅ ရက်နေ့က ရပ်တန့်ထားသော ၆ ဘီးယာဉ်အား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ မသင်္ကာ၍ စစ်ဆေးစဉ် ယာဉ်အနီးမှ လူ ၇ ဦးမှာ ထွက်ပြေးသွားခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့၊ နယ်မြေရဲစခန်း၊ အရန်မီးသက်တပ်ဖွဲ့တို့မှ လာရောက်ကာ စစ်ဆေးနေကြစဉ် အမည်မသိလူ ၂၅ ဦးခန့်မှ တုတ်၊ဓါး၊ လက်နက်များဖြင့် လာရောက် လုယက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အမည်မသိလူများမှ ဌာနပိုင်ယာဉ်အား ိုက်ချိုး၊ ဖျက်ဆီးကာ အသက်အန္တရာယ် ပြုခဲ့သဖြင့် အုပ်ချုပ်ရေးအဖွဲ့နှင့် နယ်မြေရဲတပ်ဖွဲ့တို့မှာ ထွက်ပြေးခဲ့ကြရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် အမည်မသိလူများက ဖမ်းဆီးစစ်ဆေးနေသော ၆ ဘီးယာဉ်ပေါ်မှ တရားမဝင်သစ်များအား အောက်သို့ချကာ ကားကိုယူဆောင်မောင်းနှင်သွားခဲ့ကြောင်း ရဲစစ်ချက်အရသိရသည်။

ယင်းကြောင့် ကားအားပြန်လည်လုယက်ခဲ့ သူ အမည်မသိလူ ၂၅ ဦးခန့်အား ဖော်ထုတ်အရေးယူရန်အတွက် ပုလဲမြို့မရဲစခန်းမှ ရာဇသက်ကြီးပုဒ်မ ၃၅၃၊ ၅၀၆၊ ၄၂၇ တို့ဖြင့် ဇန်နဝါရီ ၁၆ ရက်က အမှုဖွင့်လှစ်ထားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly