ဟာမီလ်တန် ဂီတသဘင်ပွဲအတွက် လက်မှတ်များ မှောင်ခိုစျေးတွင် ပေါင်၂၀၀၀ကျော်ထိ စျေးရှိနေ

ဟာမီလ်တန် ဂီတသဘင်ပွဲအတွက် လက်မှတ်များ မှောင်ခိုစျေးတွင် ပေါင်၂၀၀၀ကျော်ထိ စျေးရှိနေ

ဟာမီလ်တန်ဂီတသဘင်ပွဲအတွက် လက်မှတ်များဟာ စတင်ရောင်းချပြီးနာရီပိုင်းအကြာမှာပဲ ေ ရာင်းကုန်သွားခဲ့ပြီး   မှောင်ခိုဈေးကွက်ထဲတွင်   ပေါင်၂၀၀၀ကျော်ဖြင့်   ပြန်လည်ရောင်းချနေကြောင်း သိရပါသည်။

အမေရိကန်နိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေရေးဆွဲစဉ်တွင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သော အလက်ဇန္ဒားဟာမီလ်တန်၏ ဘဝဇာတ်ကြောင်းကို ဂီတဖြင့် သရုပ်ဖော်ပြောကြားသော အဆိုပါပွဲကိုလန်ဒန်မြို့တွင် ကြည့်ရှုရန်အတွက်မျှော်လင့် နေသူအများအပြားရှိနေပါသည်။

လက်မှတ်များကိုပြီးခဲ့သောအင်္ဂါနေ့တုန်းကကြိုတင်ရောင်းချခဲ့ပြီး တန်ဖိုးရင်းမှာ ပေါင်၂၀၀သာရှိသော်လည်း အင်တာနက်မှပြန်လည်ရောင်းချသော Viagogo ဆိုက်တွင်မူရင်းဈေးထက် ဆယ်ဆကျော်ဖြင့်   ရောင်းချနေသည် ဟုသိရသည်။

လက်မှတ်ရောင်းချသည့် Ticketmaster ကတော့ အွန်လိုင်းမှပြန်လည်ရောင်းချသည့်ဝက်ဘ်ဆိုက်များမှဝယ်ယူ ထားသောလက်မှတ်များကိုလက်ခံသွားမှာမဟုတ်ကြောင်းပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly