ဗြိတိန် Box Office ၌ ပေါက်ကား တစ်ကားဖြစ်ခဲ့သော La La Land ဇာတ်ကား

ဗြိတိန် Box Office ၌ ပေါက်ကား တစ်ကားဖြစ်ခဲ့သော La La Land ဇာတ်ကား

La La Land ဇာတ်ကားဟာ ဗြိတိန်ရုပ်ရှင်ရုံများတွင် စတင်ပြသသည့် ပိတ်ရက်ကတည်းက ရုံဝင်ငွေ ပေါင် ၆ သန်း ကျော်ရရှိခဲ့ကာ အခြားဇာတ်ကားများထက် ပေါင်၅သန်းကျော် ပိုမိုရရှိခဲ့ပြီး ပေါက်ကားတစ်ကားဖြစ်ခဲ့ပါသည်။

ရွှေကမ္ဘာလုံးဆုပေးပွဲသမိုင်းတွင် စုစုပေါင်း ဆု ၇ ဆုရရှိခဲ့ကာ စံချိန်ချိုးနိုင်ခဲ့သည့် ဂီတနောက်ခံရုပ်ရှင်ဇာတ်ကား La La Land ဟာ Bafta ဆုပေးပွဲအတွက်လည်း အကောင်းဆုံးရုပ်ရှင်ဆု အပါအဝင်ဆုပေါင်း ၁၁ ဆုအတွက် လျာထားခြင်း ခံခဲ့ရပါသည်။

ပွဲဦးထွက်ရုံဝင်ငေ ွအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်ချိုးနိုင်ခဲ့သော ဇာတ်ကားမှာ Les Miserables ဖြစ်ပြီး ၂၀၁၃ခုနှစ်က ပြသခဲ့ကာ ပွဲဦးထွက်ရုံဝင်ငွေ ပေါင်၈.၁၂သန်း ရရှိခဲ့ပါသည်။

ပြီးခဲ့သော အပတ်က လူကြိုက်များခဲ့သော Assassin’s Creed ဇာတ်ကားဟာတော့ အဆင့်လေးနေရာသို့ ရောက်ရှိသွားခဲ့ပြီး Rogue One နှင့် Moana ဇာတ်ကားတို့နောက်၌ ရပ်တည်နေပါသည်။ နံပါတ်ငါးနေရာတွင် Passenger ဇာတ်ကားက ရပ်တည်နေပါသည်။

La La Land တွင် မင်းသား Ryan Gosling က Jazz ဂီတသမားစန္ဒယားဆရာအဖြစ် သရုပ်ဆောင်ထားပြီး မင်းသမီး Emma Stone က ရည်မှန်းချက်ကြီးသော မင်းသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားကာ သူတို့ နှစ်ဦး၏ အိပ်မက်တွေကို လော့စ်အိန်ဂျယ်လိစ်မြို့၌ အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags