အာဖရိက ဘောလုံးပြိုင်ပွဲသမိုင်းတွင် အသက်အကြီးဆုံး ပွဲထွက်ကစားသမားအဖြစ် အီဂျစ်ဂိုးသမား စံချိန်တင်

အာဖရိက ဘောလုံးပြိုင်ပွဲသမိုင်းတွင် အသက်အကြီးဆုံး ပွဲထွက်ကစားသမားအဖြစ် အီဂျစ်ဂိုးသမား စံချိန်တင်
 

ဇန်နဝါရီ ၁၈၊ အာဖရိက ။              ။ မာလီအသင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် အာဖရိကဖလားအုပ်စုပွဲစဉ်တွင် ပါဝင်ကစားခွင့် ရရှိခဲ့သည့်အတွက် အီဂျစ်ဂိုးသမားကြီး အက်ဆန်အယ်လ်ဟာဒရီသည် အာဖရိကဖလားပြိုင်ပွဲသမိုင်းတွင် အသက်အကြီးဆုံးပွဲထွက်ကစားသမားအဖြစ် စံချိန်သစ် တင်သွားခဲ့သည်။

အာဖရိကဖလားကို လေးကြိမ်ရယူထားနိုင်သည့် ချန်ပီယံကြီး အက်ဆန်သည် ထိုပွဲစဉ်တွင် အရန်ကစားသမားအဖြစ်သာ ပါဝင်လာခြင်းဖြစ်သော်လည်း ပထမဂိုးသမား အယ်ရှီနာဝေးမှာ ပုခုံးဒဏ်ရာရရှိသွားသည့်အတွက် ပါဝင်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။

အက်ဆန်သည် အသက် ၄၄ နှစ်နှင့် ၂ ရက်ရှိနေပြီဖြစ်ပြီး အီဂျစ်အသင်းအတွက် ၁၄၈ ကြိမ်မြောက် ပွဲထွက်ကစားခြင်း ဖြစ်သည်။ ယခုကဲ့သို့ စံချိန်တင်နိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက အက်ဆန်ကို ဂုဏ်ယူကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြသွားခဲ့သည်။

အက်ဆန်သည် ၁၉၉၈ ခုနှစ်က ပထမဆုံးအကြိမ် အာဖရိကဖလားကို ရရှိခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့သည်။ ထို့နောက် ၂၀၀၆၊ ၂၀၀၈ နှင့် ၂၀၁၀ ခုနှစ်များတွင် ချန်ပီယံဆုကြီးကို ထပ်မံဆွတ်ခူးနိုင်ခဲ့သည်။

အက်ဆန်သည် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် အသက် ၄၃ နှစ် သုံးရက်ဖြင့် စံချိန်တင်ထားသည့် ကိုလံဘီယာဂိုးသမား မွန်ဒရာဂွန်၏စံချိန်ကိုပင် ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly