The Goethe Institute နှင့် French Institute in Myanmar တို့ ပူးပေါင်း ကျင်းပမည့် တူရိယာစုံ ဂီတဖျော်ဖြေပွဲ

The Goethe Institute နှင့် French Institute in Myanmar တို့ ပူးပေါင်း ကျင်းပမည့် တူရိယာစုံ ဂီတဖျော်ဖြေပွဲ

ရန်ကုန်၊ ဇူလိုင် ၂၂ ။     ။ The Goethe Institute နှင့် French Institute in Myanmar တို့က ပူးပေါင်း ကျင်းပမည့်  တူရိယာစုံ ဂီတဖျော်ဖြေပွဲ   (Gongs & Skins An International Percussion Festival )  ကို ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်မြို့ မြို့မကျောင်း လမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ဗုံတူရိယာနှင့် ပတ်သက်သည့် ရိုးရာ ဓလေ့ ထူးကဲ ကြွယ်ဝမှုသည် အရှေ့တောင် အာရှ၏ ရတနာ တစ်ခုဖြစ်ပြီး ထိုဖျော်ဖြေပွဲ တွင်မြန်မာနိုင်ငံ အတွင်း မတူ ကွဲပြားသည့် တိုင်းရင်းသား အုပ်စုများ၊ ပြင်သစ် နှင့် ဂျာမနီ နိုင်ငံ များ ထံမှ ဗုံ တူရိယာ ပညာရှင် များကို အတူတကွ စုစည်း ခေါ်ဆောင် ပေးမည် ဖြစ်သည်ဟုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ယင်းအပြင် ဂျာမန် ဗုံတူရိယာ အနုပညာရှင်နှင့် ကျွမ်း ကျင်သူ ပါမောက္ခ Bernhard Wulff ၏ လမ်းညွှန်မှုအောက် တွင်နိုင်ငံ တကာတေးဂီတ ပညာရှင် များ သည် တစ်ပတ်ကြာ အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း ပြုလုပ်မည် ဖြစ်သည်။

Gongs & Skins An International Percussion Festival (တူရိယာစုံဂီတ ဖျော်ဖြေပွဲ) ကို ရန်ကုန်မြို့ အပြင် တောင်ကြီးနှင့် မန္တလေးတို့တွင် တေးဂီတ ဖျော်ဖြေပွဲများနှင့် အတူ တင်ဆက် ပြသမှုများ ကိုလည်း ပြုလုပ်မည် ဖြစ်သည်။

ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ဇူလိုင် ၃၁ရက် ညနေ ၆နာရီခွဲတွင် ကျင်းပ ပြုလုပ် မည် ဖြစ်ပြီး သြဂုတ် ၃ရက် နှင့် ၄ရက်တွင် တောင်ကြီးမြို့၌ ပြုလုပ်မည် ဖြစ်ပြီး သြဂုတ် ၆ရက်တွင် မန္တလေးမြို့ ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကာ ဝင်ကြေး များ အခမဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly