တပတ်လုပ်ခ ပေါင် ၄၃၀,၀၀၀ ဖြင့် တရုတ်သို့ ပြောင်းရွှေ့ရန် တိုရေး ပယ်ချ

တပတ်လုပ်ခ ပေါင် ၄၃၀,၀၀၀ ဖြင့် တရုတ်သို့ ပြောင်းရွှေ့ရန် တိုရေး ပယ်ချ
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာစီးတီး ကွင်းလယ်လူ ယာယာတိုရေးဟာ တပတ်လုပ်ခ ပေါင် ၄၃၀,၀၀၀ ဖြင့် တရုတ်ထံမှ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၃ အရွယ်ရှိ တိုရေးဟာ ပြီးခဲ့တဲ့ နွေရာသီက တရုတ်စူပါလိဂ်မှ ခေါ်ယူဖို့ ပစ်မှတ်ထားခြင်း ခံခဲ့ရပါတယ်။

တိုရေးဟာ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပိတ်သိမ်းမယ့် ယခုလက်ရှိ အပြောင်းအရွှေ့အတွင်းမှာလည်း တရုတ်စူပါလိဂ်မှ ပြန်လည် ဆက်သွယ် ကမ်းလှမ်းလာချိန်မှာ ပြောင်းရွှေ့ဖို့ အလားတူ ငြင်းဆန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

အိုင်ဗရီကို့စ် ကစားသမားရဲ့ စာချုပ်ဟာ ဒီနှစ်နွေရာသီမှာ မန်စီးတီးနဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

တိုရေးဟာ ရာသီအစပိုင်းမှာ ဂွာဒီယိုလာရဲ့ လူစာရင်းမှာ ချန်လှပ်ခဲ့ရတဲ့ အချိန်က ၎င်းရဲ့ အနာဂတ်ဟာ သံသယတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း တိုရေးဟာ နိုဝင်ဘာလမှာ ပြန်လည် ခေါ်ယူမှုခံရတဲ့နောက်ပိုင်း အသင်းအတွက် ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

ဂွာဒီယိုလာဟာ တိုရေးရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ နွေရာသီအလွန် မည်သည့် အာမခံချက်မှ မပေးနိုင်ဘူးလို့ သိရပါတယ်။

Ref; BBC Sport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly