Orchid Hotels Group က ရှင်ရေးကူညီမှုအသင်း(Nobel Heart) နှင့် ပြေတီဦး ဖောင်ဒေးရှင်းသို့ အလှူငွေ လှူဒါန်း

Orchid Hotels Group က ရှင်ရေးကူညီမှုအသင်း(Nobel Heart) နှင့် ပြေတီဦး ဖောင်ဒေးရှင်းသို့ အလှူငွေ လှူဒါန်း

ရန်ကုန် ၊ ဇူလိုင် ၂၂ ။    ။ Orchid Hotels Group က  လူမှုရေး ၊ ကျန်းမာရေး ၊ ဖျော်ဖြေရေး ကိစ္စများတွင် ကူညီဆောင်ရွက်ပေး လျက် ရှိသည့် ရှင်ရေးကူညီမှုအသင်း (Nobel Heart) နှင့် ပြေတီဦး ဖောင်ဒေးရှင်းတို့ကို တစ်ဖွဲ့လျှင် ကျပ် ငါးသိန်းစီ လှူဒါန်း ခဲ့သည်။

Orchid Hotels Group က အလှူငွေ ပေးအပ်ပွဲကို ဇူလိုင် ၂၂ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ခဲ့သည်။

Orchid Hotels Group ၏ ဥက္ကဌ ဦးဌေးအောင် က "နှစ်စဉ် ဒီလို အလှူပွဲတွေကတော့ လုပ်နေကျပါ။ ဒီနှစ်တော့ တစ်ဖွဲ့တိုးလာ တာပေါ့ ရှင်ရေးကူညီမှုအသင်း ဆို တာ ဒီနှစ်မှ ထပ်တိုး လာတာပါ။ တကယ် လက်တွေ့ လုပ်နေတဲ့သူတွေရှိတယ်။ ဒီလူတွေကို အားပေး အား မြှောက် ပြု ရမယ် ဆိုတဲ့ ရည် ရွယ်ချက်နဲ့ပဲ ဒီပွဲကို လုပ် ဖြစ်တာပါ။ ပညာရေး ၊ လူမှုရေး နဲ့ ကျန်မာရေးကို အဓိက လှူဒါန်းတာတွေ လုပ်ဖြစ်ပါတယ်" ဟု ပြောသည်။

Orchid Hotels Group မှ ရှင်ရေးကူညီမှုအသင်း(Nobel Heart) နှင့် ပြေတီဦး ဖောင်ဒေးရှင်းတို့ကို အလှူငွေ ပေးအပ် ခဲ့သလို ၂၀၁၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘာသာစုံ ဂုဏ်ထူးဖြင့် ထူးချွန် အောင်မြင်ခဲ့သူ အမွှာညီအစ်မ နှစ်ဦး ဖြစ်သည့် မအိမ့် သီရိမျိုး နှင့် မအိမ့်သန္တာမျိုး တို့ကိုလည်း ဂုဏ်ပြုဆု ချီးမြှင့် ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly