အီစတန်ဘူလ်နိုက်ကလပ်အား တိုက်ခိုက်ခဲ့သည်ဟု သံသယရှိရသူ အာဖဂန်နစ္စတန်တွင် လေ့ကျင့်ထားသူဖြစ်နေ

အီစတန်ဘူလ်နိုက်ကလပ်အား တိုက်ခိုက်ခဲ့သည်ဟု သံသယရှိရသူ အာဖဂန်နစ္စတန်တွင် လေ့ကျင့်ထားသူဖြစ်နေ

နှစ်သစ်ကူးအကြိုည၌ အီစတန်ဘူလ်ရှိနိုက်ကလပ်အားသေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သံသယရှိရသူ အမျိုးသားဟာ အာဖဂန်နစ္စတန်နိုင်ငံတွင်   လေ့ကျင့်ထားခဲ့သူ တစ်ဦးဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးမှူးဖြစ်သူက ပြောကြားသည်။

အုပ်ချုပ်ရေးမှူး ဗာစစ်ပ်ဆာဟင်က ဥစ္စဘတ်ကစ္စတန်နိုင်ငံသားဖြစ်သော အက်ဘ်ဒူလ်ကာဒါမက်ရှားရီပေါ့ဗ် အမည်ရှိအမျိုးသားဟာ တူရကီနိုင်ငံထဲသို့ ၂၀၁၆ခုနှစ်ဇန်နဝါရီလတုန်းက ဝင်ရောက်ခဲ့သည်ဟု ယုံကြည်ရကြောင်း ပြောခဲ့သည်။

မစ္စတာဆာဟင်က သံသယရှိရသူဟာတိုက်ခိုက်မှုကိုကျူးလွန်ခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့ပြီး အဆိုပါမှုခင်းတွင် တွေ့ရှိခဲ့သော အထောက်အထားများနှင့် သူ၏လက်ဗွေရာဟာလည်း ကိုက်ညီမှုရှိကြောင်း ပြောခဲ့သည်။

ရိန်နာနိုက်ကလပ်တိုက်ခိုက်ခံရမှုတွင် လူပေါင်း ၃၉ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍လည်း ဒဏ်ရာရရှိခဲ့သည်။ ထိုထဲတွင် အစ္စရေး၊ပြင်သစ်၊တူနီးရှား၊ လက်ဘနွန်၊အိန္ဒိယ၊ ဘယ်လ်ဂျီယံ ၊ဂျော်ဒန်နှင့်   ဆော်ဒီအာရေဗျမှ နိုင်ငံသား များပါဝင်ခဲ့ကြောင်းသိရသည်။

အိုင်အက်စ်တို့ကတော့ သူတို့ဟာအဆိုပါတိုက်ခိုက်မှုရဲ့နောက်ကွယ်ကလက်သည်ဖြစ်ကြောင်းနှင့် တူရကီစစ်တပ်ဟာ ဆီးရီးယားနိုင်ငံတွင်စစ်ရေးအရပါဝင်နေမှုကြောင့် လက်စားချေခြင်းဖြစ်ကြောင်း   ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly