Box Office တွင် Hiddeng Figures ဇာတ်ကား ဦးဆောင်နေပြီး Monster Trucks နှင့် Live by Night ဇာတ်ကားတို့ အရှုံးပေါ်နေ

Box Office တွင် Hiddeng Figures ဇာတ်ကား ဦးဆောင်နေပြီး Monster Trucks နှင့် Live by Night ဇာတ်ကားတို့ အရှုံးပေါ်နေ

မာတင်လူသာကင်းအားလပ်ရက်ပိတ်ရက်တွင် မိသားစုကြည့်နိုင်သောဇာတ်ကား Monster Trucks၊ မင်းသား Ben Affleck ၏ဇာတ်ကားသစ် Live by Night တို့ဟာထင်သလောက်ရုံဝင်ငွေမရရှိခဲ့ဘဲ အရှုံးပေါ်ခဲ့ကြပါသည်။ ယခုလိုအရှုံးပေါ်ခြင်းအတွက် ထိုဇာတ်ကားများရဲ့ထုတ်လုပ်သူစတူဒီယိုများအနေဖြင့် ဝင်ငွေဇယားတွင် မင်အနီ ဖြင့်အနှုတ်လက္ခာပြသသွားပြီဖြစ်ပါသည်။ ဒါ့အပြင် ဂျေမီဖော့စ်၏ သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားသစ် Sleepless ဟာလည်း လူနှစ်သစ်မှုမရှိခဲ့ဘဲစတင်ပြသတဲ့ရက်မှာကတည်းက အရှုံးပေါ်ခဲ့ပါသည်။

သို့သော်လည်း Hidden Figures ဇာတ်ကားကတော့ box office တွင်ထိပ်ဆုံးနေရာမှနှစ်ပတ်တိတိရပ်တည်နေ ကာ စနေ၊တနင်္ဂနွေပိတ်ရက်၌ ရုံဝင်ငွေ ၂၀.၅သန်းရရှိခဲ့ပြီး စုစုပေါင်းရုံဝင်ငွေ သန်း၆၀ကျော် ရရှိခဲ့ကာ ဆက်လက် ပြီးသရဖူဆောင်းနိုင်ခဲ့ပါသည်။ အဆိုပါဇာတ်ကားဟာ နာဆာမှ အာဖရိကန်အမေရိကန်လူမျိုး သိပ္ပံပညာရှင် အမျိုးသမီးများအကြောင်းရိုက်ကူးထားတာဖြစ်သော ဒရာမာဇာတ်ကား အမျိုးအစားဖြစ်ပါသည်။

Hidden Figures ၏နောက်တွင် ရွှေကမ္ဘာလုံးဆုများကိုသိမ်းကြုံးရယူနိုင်ခဲ့သော La La Land ဇာတ်ကားက ဒုတိယနေရာမှာရပ်တည်နေပြီး ပိတ်ရက်အတွင်းရုံဝင်ငွေ ၁၄သန်းကျော်ရရှိခဲ့ကာ စုစုပေါင်းရုံဝင်ငွေ ၁၃၂သန်း ကျော်ရရှိထားပြီးပြီ ဖြစ်ပါသည်။ ၎င်းနောက်တွင် ကာတွန်းဇာတ်ကား Sing က တတိယနေရာမှာ ရပ်တည်နေပြီး ပိတ်ရက်အတွင်းရုံဝင်ငွေ ၁၃သန်းကျော်ရရှိခဲ့ကာ စုစုပေါင်း ရုံဝင်ငွေသန်း ၄၀၀ကျော် ရရှိထားပါသည်။

နံပါတ်လေးနေရာမှ The Bye Bye Man ဇာတ်ကားက ပိတ်ရက်အတွင်းရုံဝင်ငွေ ၁၃.၅သန်းကျော်ရရှိခဲ့ကာ စတားဇာတ်ကား Rogue One ကတော့ပိတ်ရက်ရုံဝင်ငွေ ၁၃.၃သန်းကျော်ရရှိခဲ့ပြီး ထိပ်ဆုံးငါးနေရာကိုပိတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly