တရုတ်မှစိတ်ဝင်စားနေသော်လည်း ဒီယေဂိုကော်စတာကို ချယ်လ်ဆီးအသင်း ရောင်းရန်ဆန္ဒမရှိ

တရုတ်မှစိတ်ဝင်စားနေသော်လည်း ဒီယေဂိုကော်စတာကို ချယ်လ်ဆီးအသင်း ရောင်းရန်ဆန္ဒမရှိ

ဇန်နဝါရီ ၁၇၊ လန်ဒန်။          ။ တရုတ်ကလပ်များက စိတ်ဝင်စားနေသည်ဟု သတင်းများထွက်နေသော်လည်း ချယ်လ်ဆီးအသင်းသည် တိုက်စစ်မှူး ဒီယေဂို ကော်စတာကို ရောင်းချရန်ဆန္ဒမရှိပေ။

စပိန်လက်ရွေးစင်တိုက်စစ်မှူးသည် စနေနေ့တွင် ချယ်လ်ဆီးအသင်းက လက်စတာကို အနိုင်ရသည့်ပွဲတွင် ကျောဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ဟု နည်းပြအန်တိုနီယို ကွန်တီက ပြောသည်။

အသက် ၂၈ နှစ်အရွယ်ကစားသမားသည် နည်းပြနှင့်ကတောက်ကဆဖြစ်ပြီး တနင်္လာနေ့တွင် တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းရ သည်ဟု သတင်းထွက်ခဲ့သော်လည်း ယင်းသို့လေ့ကျင့်ရခြင်းမှာ ဒဏ်ရာပြန်သက်သာလာစေရန် အထောက်အကူဖြစ်စေဖွယ်ရှိ သည်။

ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်အနေဖြင့် အသင်း၏ ထိပ်တန်းတိုက်စစ်မှူးကို စိတ်ဝင်စားနေသည့် တရုတ်ကလပ် များထံ ရောင်းချလိုစိတ်မရှိနိုင်ဟု ဘီဘီစီသတင်းဋ္ဌာနက ယူဆထားသည်။

မကြာသေးခင်ကမှ ကွင်းလယ်ကစားသမားအော်စကာကို တရုတ်ကလပ်ရှန်ဟိုင်း အက်စ်အိုင်ပီဂျီထံ ပေါင်သန်း ၆၀ ဖြင့်ရောင်း ထားသည့် ချယ်လ်ဆီးအသင်းသည် ငွေကြေးရရန်ကစားသမားများကို ထပ်ရောင်းရန်မလိုအပ်သည့် အခြေအနေဖြစ် သည်။

သတင်းများတွင်မူ ကော်စတာသည် တရုတ်စူပါလိဂ်သို့ပြောင်းပါက တစ်နှစ်ပေါင်သန်း ၃၀ ခန့်ရနိုင်သည်ဟု ဖော်ပြထားသည်။ တရုတ်လိဂ်သည် ပြည်ပကစားသမားသုံးဦးကိုသာ ပွဲထွက်စာရင်းတွင် အသုံးပြုခွင့်ပေးမည်ဟု တနင်္လာနေ့က စည်းကမ်းထုတ် ထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly