တိုင်ပေတွင် ကျင်းပသော Resident Evil အထူးပြသပွဲကို မင်းသမီး ဂျိုဗိုဗစ်ချ် တက်ရောက်ခဲ့

တိုင်ပေတွင် ကျင်းပသော Resident Evil အထူးပြသပွဲကို မင်းသမီး ဂျိုဗိုဗစ်ချ် တက်ရောက်ခဲ့

ဇန်နဝါရီ ၁၇ ။                 ။ ရုပ်ရှင်ဇာတ်ညွှန်းနှင့် ဒါရိုက်တာပေါလ်အန်ဒါဆန်နှင့် သူ၏ဇနီးဖြစ်သူမင်းသမီး မီလာဂျိုဗိုဗစ်ချ်တို့ဟာ ပြီးခဲ့သော တနင်္လာနေ့တုန်းက တိုင်ပေမြို့တွင် ကျင်းပခဲ့သော သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကား Resident Evil ၏ နောက်ဆုံးထွက်ရှိသော ဇာတ်ကားအထူးပြုသပွဲကို အတူတကွ တက်ရောက်ခဲ့ကြပါသည်။

နာမည်ကျော်ဗွီဒီယိုဂိမ်းအားရုပ်ရှင်အဖြစ်ရိုက်ကူးထားသော Resdient Evil ၏ နောက်ဆုံးဇာတ်ကား The Final Chapter တွင် ဂျိုဗိုဗစ်ချ်က ခေါင်းဆောင်မင်းသမီး အဲလစ်အဖြစ် ပါဝင် သရုပ်ဆောင်ထားပါသည်။ ပထမဦးဆုံး Resident Evil ဇာတ်ကားဟာ လွန်ခဲ့သော ၂၀၀၂ ခုနှစ်တုန်းကစတင်ထွက်ရှိခဲ့ပါသည်။

အထူးပွဲမှ ကော်ဇောနီပေါ်တွင် ဂျိုဗိုဗစ်ချ်ဟာ သူမ၏ပရိသတ်များနှင့်အတူ ဓာတ်ပုံရိုက်ခဲ့ပြီး ရိုးရိုးခြင်္သေ့အကဖြင့် ကပြဖျော်ဖြေခြင်းကိုလည်းကြည့်ရှုခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly