ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူများ ဆူပူအုံကြွမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရ

ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူများ ဆူပူအုံကြွမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရ

ဖနွမ်ပင်၊ ဇူလိုင် ၂၂ ။     ။ ကမ္ဘောဒီးယားအတိုက်အခံအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူ ၁၁ ဦးသည် ဆူပူအုံကြွမှုစွဲချက် များဖြင့်ထောင်ချခံခဲ့ရသည်ဟု တရားခံရှေ့နေတစ်ဦးက ပြောသည်။ ယင်းသို့ထောင်ချခံရသူများတွင် သုံးဦးမှာ ထောင်ဒဏ်နှစ် ၂၀ ကျခံရသည်ဟု သိရသည်။

ထောင်ချခံရသူများမှာ အတိုက်အခံ Cambodia National Rescue Party (CNRP) ပါတီမှဖြစ်ပြီး ဖနွမ်ပင်၏ အဓိက သတ်မှတ် ဆန္ဒပြနေရာပိတ်သိမ်းမှုကို ဆန့်ကျင်မှုပြုလုပ်သည့် ၂၀၁၄ခုနှစ် ဇူလိုင်လက အာဏာပိုင်များနှင့် ပဋိပက္ခဖြစ်စဉ် ဖမ်းဆီးခံရခြင်းဖြစ် သည်။ "ဒါက သိပ်ကိုပြင်းထန်တဲ့ ပြစ်ဒဏ်ချမှုပါ။

ကျွန်တော်တို့ရှေ့နေတွေအနေနဲ့ ဒီလိုပြစ်ဒဏ်ချမှတ်မှုတွေကို လက်မခံနိုင်ပါဘူး"ဟု တရားခံများဘက်မှ ဥပဒေအကျိုးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆမ်ဆိုကောင်က ပြောသည်။ ၎င်း၏ အခြားအမှုသည် ရှစ်ဦးမှာလည်း ထောင်ဒဏ် ခုနှစ်နှစ်စီ ကျခံခဲ့ရ သည်ဟု ဆမ်ကပြောသည်။

အမှုကို တရားရုံးဖြင့် စစ်ဆေးသော်လည်း ပြစ်ဒဏ်ကို ကြိုတင်ဆုံးဖြတ်ထားခြင်းဖြစ်ပြီး သိသာထင်ရှားသည်မှာ CNRP ကိုခြိမ်းခြောက်ရန်ဖြစ်သည်ဟု ပြည်တွင်းလူ့အခွင့်အရေးအုပ်စု LICADHO က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly