ကြည့်ရှုသူ မကြံုစဖူး လျော့နည်းသွားသည့် ရှားလော့ခ် ဇာတ်လမ်းတွဲ၏ နောက်ဆုံးအပိုင်း

ကြည့်ရှုသူ မကြံုစဖူး လျော့နည်းသွားသည့် ရှားလော့ခ် ဇာတ်လမ်းတွဲ၏ နောက်ဆုံးအပိုင်း

ဇန်နဝါရီ ၁၇ ။               ။ BBC One ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသလျက်ရှိသော ရှားလော့ခ်ဇာတ်လမ်းတွဲ၏ နောက်ဆုံးအပိုင်းကို ပြီးခဲ့သော တနင်္ဂနွေညက ထုတ်လွှင့်ပြသခဲ့ပြီး   ပြသခဲ့သည့် သက်တမ်းတစ်လျှောက် ကြည့်ရှုမှုနှုန်း မကြုံစဖူးလျော့ကျ သွားခဲ့ပါသည်။

ရှားလော့ခ်မင်းသား Benedict Cumberbatch သရုပ်ဆောင်ထားသော ဇာတ်လမ်းတွဲ၏နောက်ဆုံးအပိုင်း The Final Problem ကို ရုပ်မြင်သံကြားမှလိုင်းဖမ်း၍ကြည့်ရှုခဲ့သူပေါင်း ၅.၉ သန်းသာရှိခဲ့ပြီး ပြီးခဲ့သောနှစ်သစ်ကူး အကြိုရက်တွင် ပြသခဲ့သော ပထမဦးဆုံးအပိုင်းကို ကြည့်ရှုခဲ့သူ ၈.၁ သန်းနှိုင်းယှဉ်ကြည့်မည် ဆိုပါက အလွန်ကို လျော့နည်းသွားခဲ့ပါသည်။

သို့သော်လည်း အဆိုပါအပိုင်းကို ပြသချိန်တွင် ဖမ်းယူထားပြီး နောက်ပိုင်းမှ ပြန်ကြည့်ရှုသူအရေအတွက်ကို ထည့်တွက်လိုက်မည်ဆိုပါက ကြည့်ရှုသူ ၉.၅ သန်း အထိပြန်လည်မြင့်တက် သွားမည်ဖြစ်ပါသည်။

BBC က သူတို့ဟာ ရုပ်သံတွင် မထုတ်လွှင့်ရသေးခင် အချိန်၌ အဆိုပါအပိုင်းဟာအွန်လိုင်းပေါ်သို့ မည်သို့မည်ပုံ ပေါက်ကြားသွားခဲ့သလဲ ဆိုတာကို စုံစမ်းစစ်ဆေးနေကြောင်း ပြောခဲ့ပါသည်။

ရှားလော့ခ်ဇာတ်လမ်းတွဲ လေးခုမြောက်၏ နောက်ဆုံးအပိုင်းကို BBC ရုပ်သံလိုင်းမှ မထုတ်လွှင့်မီအချိန်၌ ရုရှားဘာသာ နောက်ခံစကားပြောဖြင့် အဆိုပါဇာတ်လမ်းဟာ အွန်လိုင်းပေါ်တွင်   ပေါက်ကြားခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly