ယီမင် ပဋိပက္ခတွင် အနည်းဆုံးလူပေါင်း ၁၀၀၀၀ အသတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ ပြောကြား

ယီမင် ပဋိပက္ခတွင် အနည်းဆုံးလူပေါင်း ၁၀၀၀၀ အသတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ ပြောကြား

ဇန်နဝါရီ ၁၇ ။               ။ ယီမင်နိုင်ငံတွင် ဟွတ်သီသူပုန်များနှင့် ဆော်ဒီဦးဆောင်သော အစိုးရကိုထောက်ခံသည့်ညွှန့်ပေါင်းအဖွဲ့တို့ကြား ဖြစ်ပွားသည့်စစ်ပွဲများကြောင့် အနည်းဆုံးပေါင်းလူပေါင်း ၁၀၀၀၀ လောက်အသတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂမှ ပြောကြားသည်။

ကုလသမဂ္ဂအဖွဲ့မှ ယခုလိုအသေအပျောက်များပြားနေမှုဟာ၂၁လကျော်ကြာခဲ့ပြီဖြစ်သော ဖြေရှင်းရန်လိုအပ်နေ သည့်အဖြစ်အပျက်အခြေအနေများကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်ဟု ပြောခဲ့သည်။

ပြီးခဲ့သောတနင်္လာနေ့က ယီမင်နိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သော အေဒင်မြို့တွင် ကုလသမဂ္ဂသံတမန်နှင့် သမ္မတ အပ်ဘ်ဒရာဘူမန်ဆော်ဟာဒီ တို့တွေ့ဆုံအပြီး၌ ယခုလိုသတင်းကြားရခြင်းဖြစ်သည်။

ဟွတ်သီသူပုန်များနှင့် အစိုးရစစ်တပ်များကြားမှ ပဋိပက္ခများဟာ လွန်ခဲ့သော၂၀၁၅ခုနှစ် မတ်လမှစတင်၍ အရှိန် မြင့်တက်လာခဲ့သည်။

ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းစစ်တပ်ဟာ အရွေးချယ်ခံအစိုးရအဖွဲ့ကို ရာထူးပြန်လည် ပေးအပ်ရန်အတွက် ကြားမှဖြန်ဖြေပေးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ကုလသမဂ္ဂမှ လူသားခြင်းစာနာမှုဆိုင်ရာ တာဝန်ရှိသူ ဂျေမီမက်ဂိုးဒရစ်က အဆိုပါ ပဋိပက္ခများကြောင့် လူပေါင်း ၁၀၀၀၀ ကျော်လောက် သေဆုံးခဲ့သလို လူပေါင်း ၄၀၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒါ့အပြင် နိုင်ငံအတွင်းရှိ တိုက်ပွဲဖြစ်ပွားနေသော နယ်မြေများတွင် နေထိုင်ကြသည့် သန်းနဲ့ချီသော ပြည်သူများဟာ အစာရေစာပြတ်လပ်မှုဒဏ်ကို ခံစားနေရကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“လူပေါင်း ၇သန်းလောက်ဟာ သူတို့ရဲ့ နောက်ထပ်တစ်နပ်စာ စားနပ်ရိက္ခာကို ဘယ်ကနေ ရှာကြံစားရမလဲ ဆိုတာကို မသိကြတော့ပါဘူး” ဟု မစ္စတာမက်ဂိုးဒရစ်က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags