ဇန်နဝါရီတွင် ပေယက်ကိုရောင်းချမည်မဟုတ်ဟု ၀က်စ်ဟမ်းအသင်း ထပ်မံကြေညာ

ဇန်နဝါရီတွင် ပေယက်ကိုရောင်းချမည်မဟုတ်ဟု ၀က်စ်ဟမ်းအသင်း ထပ်မံကြေညာ

ဇန်နဝါရီ ၁၇၊ အင်္ဂလန် ။           ။ ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမား ပေယက်ကို ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် ရောင်းချမည်မဟုတ်ကြောင်း ဝက်စ်ဟမ်းအသင်းက ထပ်မံကြေညာလိုက်သည်။

ပြင်သစ်ကလပ် မာဆေးလ်အသင်းက ပေယက်ကို ပေါင် ၂၂ သန်းအထိ တိုးမြှင့်ပြီး ဒုတိယအကြိမ်ကမ်းလှမ်းခဲ့သည်ကို ဝက်စ်ဟမ်းအသင်းဥက္ကဋ္ဌ ဆူလီဗန်က ထပ်မံပယ်ချလိုက်သည်။

ပေယက်သည် ပြီးခဲ့သည့် အပတ်က လန်ဒန်ကလပ်အသင်းတွင် မပျော်ပိုက်တော့ကြောင်းဝန်ခံခဲ့ပြီး အသင်းပြောင်းရွှေ့လိုကြောင်း ဆိုခဲ့သည်။ သို့သော် ဝက်စ်ဟမ်းအသင်းက ၎င်းတို့၏ အဓိက ကစားသမားကို မရောင်းရန် ဆုံးဖြတ်ခဲ့သည်။

ပေယက်က အသင်းတွင် မပျော်ကြောင်း ပြောဆိုခဲ့သည့်အတွက် ဝက်စ်ဟမ်းအသင်းက၎င်းကို ယူ-၂၃ အသင်းနှင့် လေ့ကျင့်ခန်းဆင်းရန် ညွှန်ကြားခဲ့သည်။ ထို့အပြင် ပရိသတ်များကို ပြန်လည်တောင်းပန်ပြီး အသင်းကြီးနှင့်အတူ ပြန်လည်ပူးပေါင်းနိုင်ဖို့ ကြိုးစားရန်လည်း ပြောဆိုခဲ့သည်။

ပေယက်ကို လိုချင်ပါက ပေါင်သန်း ၄၀ ပေးချေရမှ ရလိမ့်မည်ဟု ဝက်စ်ဟမ်းအသင်းက မာဆေးလ်အသင်းကို အကြောင်းကြားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly