မက္ကဆီကို ဂီတပွဲတော်တွင် ပစ်ခတ်မှုဖြစ်၍ လူငါးဦးသေဆုံး

မက္ကဆီကို ဂီတပွဲတော်တွင် ပစ်ခတ်မှုဖြစ်၍ လူငါးဦးသေဆုံး

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁၆ ။       ။ မက္ကဆီကိုနိုင်ငံက အပန်းဖြေမြို့ဖြစ်သော ပလာယာဒဲလ်ကာမန်းတွင် အီလက်ထရိုမြူးဇစ် ဂီတပွဲတစ်ရပ်၌ ပစ်ခတ်မှုဖြစ်၍ လူငါးဦးသေဆုံးပြီး ရုတ်ရုတ်သဲသဲဖြစ်ကာ လူအုပ်ပြိုမှုဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။

ဒဏ်ရာရသူ ဆယ့်ငါးဦးရှိပြီး တစ်ချို့မှာ လူအုပ်ပြိုမှုကြောင့်ဖြစ်သည်။ ပစ်ခတ်မှုမှာ BPM ဂီတပွဲတော်ကျင်းပရာ Blue Parrot နိုက်ကလပ်တွင် ဖြစ်ပွာခြင်းဖြစ်သည်ဟု မြို့တော်ဝန် ခရစ္စတီးနားတောရပ်စ်က ရုပ်သံသတင်းဌာနတစ်ရပ်သို့ ပြောသည်။

ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများရာ အဆိုပါ ဂီတပွဲတော်တွင် ပစ်ခတ်မှုဖြစ်ပွားသည့် သတင်းကို ဒီဂျေ ဂျက်မာစတာကလည်း တွစ်တာတွင် ရေးသားဖော်ပြသည်။

လူအုပ် ရုတ်ရုတ်သဲသဲဖြစ်ရာမှ ထွက်ပြေးလာကြပုံများ၊ တစ်ဦးတစ်ယောက်သောသူ၏ “သူမှာ သေနတ်ရှိနေတယ်။”ဟု အော်ပြောသံများကို ဗီဒီယိုမြင်ကွင်းတွင် တွေ့မြင်ကြားသိရသည်။

ပစ်ခတ်မှုက နိုက်ကလပ်၏ အပြင်ဖက်တွင် ဖြစ်ပွားခြင်းဟု အဆိုပါ ဂီတပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးကလည်း ဆိုသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ အီလက်ထရိုမြူးဇစ်အကပွဲတော် ကျင်းပနေရာ နောက်ထပ်နိုက်ကလပ်တစ်ခုတွင်လည်း ပစ်ခတ်မှုဖြစ်ပွားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly